သဇင်တစ်ပွင့် နှင့်မြေမှုန်ကလေးရဲ့ အချစ်”
********************************
ဝင်သက်ထွက်သက်တွေကမှ
ရပ်တန့်ချင် ရပ်တန့်နိုင်သေးတယ်..
မင်းကို သတိရတမ်းတစိတ်တွေကတော့
ဘယ်လိုမှ ရပ်တန့်လို့မရ..
စက္ကန့်မလပ် ရင်ထဲမှာဖြစ်တည်နေခဲ့တယ်
အဲ့ဒါကိုပဲ..
ချိုမြန်တဲ့ဝဋ်ကြွေးတစ်ခုလို့တောင်..
သတ်မှတ်ပစ်လိုက်မိလေရဲ့..
.
တစ်ခါတစ်လေတော့လည်း
လှမ်းခွင့်မရှိတဲ့ဒီဘ၀..
ငိုကြွေးတဲ့အခါ ချစ်သူရဲ့ပါးပြင်ပေါ်က
မျက်ရည်စက်ကလေးအနေနဲ့ပဲဖြစ်ဖြစ်..
ပျော်ရွှင်နေတဲ့အခါ ချစ်သူရဲ့နှုတ်ခမ်းဖျားပေါ်က
ရယ်သံလွင်လွင်ကလေး အနေနဲ့ဖြစ်ဖြစ်..
ခဏလောက်လေး အတူရှိချင်နေမိတယ်..
.
ဒါပေမယ့်ချစ်သူရယ်
သိပ်မလှဘူးဆိုရင်တောင်
မင်းကသဇင်ပန်း
သန့်ရှင်းစင်ကြယ်နေတယ်ဆိုရင်တောင်
ကိုယ်က မြေမှုန့်တစ်ပွင့်
ဆုံဆည်းဖို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်ပါဘူးလေ..။
.
ခင်မင်စွာဖြင့်
.
WHP

Post a Comment

0 Comments