ကဗျာအကြောင်းရေးတဲ့ ကဗျာလေး..
***********************
ချစ်သူစောင့်ရင်း အလွမ်းပြေ
နှင်းဆီပန်းနဲ့နေ
ချစ်သူရေ လာပါတော့
နှင်းဆီခူးရင်းတမော့မော့
ချစ်သူရောက်တော့ပျော် စရာ
နှင်းဆီနီလေး ပန်ပေးမှာ
စိတ်ကူးယဉ်လို့မကြာပါဘူး
လက်ကိုဆူးတွေဆူး.။

.
ချစ်သူစောင့်ရင်း အလွမ်းပြေ
နှင်းဆီတေးဖွဲ့နေ..။
ချစ်သူရေလာပါတော့
ကိုယ့်ကဗျာလေး မျှော်လှပေါ့
ချစ်သူရောက်တော့ပျော်စရာ
နှင်းဆီကဗျာလေးဖတ်ပြမှာ...
စိတ်ကူးတွေနဲ့ပျော်ကာမြူး
ဝတ်မှုံကဗျာရူး..။
.
.
ခင်မင်စွာဖြင့်
WHP
.

Post a Comment

0 Comments