အသည်းကွဲ မှတ်တမ်း
*******************
သက်ဆိုင်တဲ့နင်တောင်မသိလိုက်တဲ့
ပထမဦးဆုံး ငါ့ရဲ့ရင်ခုန်သံ..။
ငေးငေးကြည့်နေဖူးတဲ့ နင့်ရဲ့
ပြုံးရယ်ခဲလှတဲ့ မျက်နှာလေး..။
အချစ်ဆိုတာ ကို နားမလည် ခင်ကတည်းက
ရင်ထဲ ကို ၀င်ရောက်လာခဲ့ဖူးတဲ့ နင့်အပေါ်ထားတဲ့ သံယောဇဉ်..။
အခုတော့ ထားလိုက်ပါတော့မယ်ဟာ..
နင်က နင်အချစ်ဆုံးသူ ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲမှာ
အပျော်ဆုံး လူသားတစ်ဦး..။
ဒီအချက်နဲ့ တင် အထီးကျန် ဆုံး လူသားတစ်ဦး ဖြစ်မယ်ဆိုရင်တောင်
ရခဲ့ ဖူးတဲ့ ဒဏ်ရာတွေကို ရင်းနှီးမြှုပ်နှံ
နောက်မှာချန်နေခဲ့ပြီး
ငါကျေနပ်နေပါ့မယ့်..။
အချစ်ဆိုတာက
စိတ်ဝင်တစား ကျက်တိုင်း ရမယ့်စာ
မှန်အောင်တွက်တိုင်း အမှတ်ပြည့် ရမယ့် သင်္ချာပုစ္ဆာ မှ မဟုတ်တာပဲလေ..။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments