ရင်ထဲက တမ်းချင်း
****************
အတူရှိနေချိန်တွေဆိုပျော်နေမိတယ်
ဝမ်းနည်းချိန်တွေဆိုရင်တော့
ဘာမှနားမလည်နိုင်မှန်းသိပေမယ့်.
မျက်ဝန်းနဲ့ သူ့ကို စကားတွေပြောမိတယ်..
အောင်မြင်တဲ့ အချိန်တွေမှာဆိုရင်
သူ့ကို ပွေ့ပိုက် ထားမိတယ်..
အားအင်သစ်တစ်ခုလို
သက်မဲ့ သူငယ်ချင်းတစ်ခုလို
သူ့ကို နက်နက်ရှိုင်းရှိုင်း တန်ဖိုးထားနေမိတယ်
ချစ်သူရေ..
ယုံချင်မှ ယုံပါ..။
နင်နဲ့ ပတ်သက်လာရင်
နင်ပေးတဲ့ အရုပ်ကလေးက အစ
ငါ့အတွက် အဲ့ဒီ လောက်ကို..
တန်ဖိုးရှိနေ တယ်ဆိုတာပေါ့ဟာ..။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments