ဆီမဖြစ်ခဲ့သော နှမ်းတစ်စေ့
********************
မိုးခါးရေတဲ့
သူများသောက်တိုင်းလိုက်သောက်နေလည်း
မချိုမှာသိသားပဲ..။
.
မီးပူမရှိပဲနဲ့
ကြေမွနေတဲ့ အကျီင်္တစ်ခု
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြု ဖို့ဆိုတာ
မလွယ်သလိုပဲပေါ့
နှလုံးသားအကြေအမွတွေကို
အားပျော့တဲ့ မာန်ကလေးထုတ်
ပြန့်ပြူးအောင်လုပ်ရတာ..ခက်တယ်..။
********************
မိုးခါးရေတဲ့
သူများသောက်တိုင်းလိုက်သောက်နေလည်း
မချိုမှာသိသားပဲ..။
.
မီးပူမရှိပဲနဲ့
ကြေမွနေတဲ့ အကျီင်္တစ်ခု
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြု ဖို့ဆိုတာ
မလွယ်သလိုပဲပေါ့
နှလုံးသားအကြေအမွတွေကို
အားပျော့တဲ့ မာန်ကလေးထုတ်
ပြန့်ပြူးအောင်လုပ်ရတာ..ခက်တယ်..။
.
ကြံကြံဖန်ဖန်တွေးမိလိုက်သေးတယ်..
တစ်စက်ဖြစ်ရင်ဖြစ်စေတော့ဆိုပြီး
ဆီအဖြစ်ပြောင်းလိုက်ပေမယ့်
အသုံးမ၀င်ပဲ ဖိတ်စင်သွားတဲ့ နှမ်းစေ့ပေါင်း
ထောင် သောင်းဘယ်လောက် ရှိပြီလဲလို့လေ..။
.
တကယ်တော့ငါက
ဆီမဖြစ်ခဲ့တဲ့ နှမ်းတစ်စေ့ရယ်ပါ.။
.
စာနာတတ်မှု လို့ နှလုံးသားထဲက ကြွေးကြော်မှုကြီး ကို…
ကြေမွနေတဲ့ စိတ်ထားတွေက
စကားတစ်ခွန်းမှ မဟပဲ ပြက်ရယ်ပြုကြတယ်..
တွန်းလှန်ခုခံနိုင်ဖို့..
ငါ့လက် ငါ့စကားသံ ငါ့အရွယ်က
ငယ်ပါသေးတယ် …ပေါ့လေ..။
.
ဒီလိုနဲ့ပဲ မျိုချလိုက်တာ
အလို.
မိုးခါးရေနည်းနည်းတောင်..
ငါ့စိတ်ဝိညာဉ်ထဲမှာရောက်..
စိတ်ကောင်း နှလုံးကောင်းတွေ တောင်ပျောက်နေပြီလား ထိတ်လန့်ခဲ့..။
.
ဒီလိုနဲ့
စာနာနားလည်မှုဆိုတဲ့ အရာက
ရှေ့တန်းမရောက်သေးသရွေ့ တော့
နှလုံးသားအကြေအမွတွေနဲ့ရော
နွံတောထဲမှာ နစ်နေရဦးမယ်…။
.
ခင်မင်စွာဖြင့်
WHP



0 Comments