ဒီနေ့က ဗုဒ္ဓဟူးနေ့နော်။ ၀တ်မှုံလေးရဲ့ စာအိမ်ငယ်ကလည်း ဗုဒ္ဓဟူးဆိုတော့ သူငယ်ချင်းတို့ကို ဗုဒ္ဓဟူး နံ “ဆင်” နဲ့ ပတ်သက်တဲ့ စကားပုံလေးတွေကို ဖတ်ထားဖူးသမျှ ပြန်လည်မျှဝေလိုက်တယ်နော် :)
.
-ဆင်သွားရာလမ်းဖြစ်
-ဆင်ကန်းတောတိုး
-ဆင့်ပါးစပ်နှမ်းပက်
-ဆင်လည်းဆင့်အထွာနဲ့ ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာနဲ့
-ဆင်စွယ်မှန်ရင် ပိုးမစား
-ဆင်ပေါက် ကောက်လှိုင်းခိုး (အသက်အရွယ်နှင့်မလိုက်မလုပ်သင့်သည်ကိုလုပ်သည်)
-ဆင်ပိန်ကျွဲလောက်
-ဆင်ချည်သောကြိုး ကြက်ချည်သော်မမြဲ ကြက်ချည်သောကြိုး ဆင်ချည်သော်မခိုင်
-ကျားနဲ့ဆင်လယ်ပြင်မှာတွေ့
-ဆင်မတက်နိုင်ကြွက်တတ်နိုင်(ဆင်ကဲ့သို့ သတ္တ၀ါကြီးများ မစွမ်းဆောင်နိုင်သည်ကို ကြွက်ကဲ့သို့သတ္တ၀ါသေးသေးလေးကဆောင်ရွက်နိုင်သည်။)
-ဆင်လိုက်မှသစ်ပင်ရှာ
-ဆင်လိုက်ရာ ၀ါးကြီးဝါးငယ်ရွေး
-ဆင်သတ်အရပ်ဝေ (တန်ဖိုးရှိသောအရာကို မသင့်တော်သည့်နေရာတွင်သုံးသည်။)
-ဆင်ဝန်ကတော် အကြောင့်ကြ
(ဆင်ထိန်းက ဆင်အတွက်စိတ်မပူရပဲ မသက်ဆိုင်သော ဆင်ထိန်းကတော်က ကြားကစိတ်ပူသည်။ကိုယ်နှင့်မဆိုင်သောအရာကို စိတ်ပူသည်။)
.
မြန်မာ့ရိုးရာ စကားပုံများ အဓွန့်ရှည်တည်တံ့ပါစေ.။
.



0 Comments