သူငယ်ချင်း အတွက်
**************

အရမ်းရိုးသားတဲ့သူငယ်ချင်းလေး
ချစ်သူပစ်သွားလို့တော့ ဆွေးမနေပါနဲ့ဟာ
ငါကြားဖူးတဲ့ ဇာတ်တော်တစ်ခုနင့်ကိုပြောပြမယ်..။
.
ဟိုး ရှေးရှေးတုန်းကပေါ့ ဒိသာပါမောက္ခ ဆရာကြီးတစ်ယောက်ဟာ စာအရမ်းတော် တဲ့ ပိဂုင်္တ္တရ ဆိုတဲ့ သူ့တပည့်ကို သမီးဖြစ်သူ ဥဒုမ္ဗရဒေ၀ီနဲ့ လက်ဆက်ပေးသတဲ့ ။ လှလည်းလှ ၊တော်လည်း အရမ်းတော်ပြီး လိမ္မာရေးခြား ရှိတဲ့ ကောင်မလေးပေါ့ဟာ..။ဒါပေမယ့် ပိဂုင်္တ္တရ ဆိုတဲ့ လူဟာ အဲ့ဒီိလိုကောင်မလေးနဲ့ တစ်သက်လုံးနေထိုင်သွားဖို့ ဘုန်းကံက နည်းပါးလွန်းတော့ ကောင်မလေးကို ချစ်ခင်နှစ်သက်ခြင်း မဖြစ်မိဘူးတဲ့.။ နောက်ဆုံးတော့ ဥဒုမ္ဗရ ဒေ၀ီမှာ ဘာအပြစ်မှ မရှိပဲနဲ့ သဖန်းပင်ပေါ်မှာ ကောင်မလေး ကို ပစ်ထားခဲ့ရောတဲ့..။အရမ်းလှပြီး ယဉ်ကျေးသိမ်မွေ့ တဲ့ အဲ့ဒီကောင်မလေးကို တိုင်းခန်း လှည့်လည်လာတဲ့ ၀ိဒေဟရာဇ် ဘုရင်ကြီးက မိဖုရားအဖြစ်မြှောက်လိုက်တော့တာပေါ့ဟာ.။
ဥဒုမ္ဗရဒေ၀ီကို အပြစ်မရှိပဲနဲ့ ရက်ရက်စက်စက်ပစ်ပြေးသွားတဲ့ ပိဂုင်္တ္တရ ဆိုတဲ့ လူလား.။
ဘုရင်မင်းမြတ်နဲ့ ဥဒုမ္ဗရဒေ၀ီ တိုင်းခန်းလှည့်လည် ရာလမ်းမှာ ခါးတောင်းကို မြှောင်အောင်ကျိုက်ပြီး လမ်းခင်းပေးနေရတဲ့သူဖြစ်နေတယ်လေ..။

ငါတို့ငယ်ငယ်က ဖတ်ခဲ့တဲ့ မဟော်သဓာ ဇာတ်တော်ကြီးထဲက အဖြစ်အပျက်တစ်ခု.။နင်လည်းမှတ်မိချင်မှတ်မိနေမှာပါ..။လူတစ်ယောက်နဲ့ တစ်ယောက်လက်တွဲဖို့ဆိုတာ ခံယူချက် ၊ စိတ်ထား ၊ကိုယ်ရည်ကိုယ်သွေး တွေသာမက ဘူး။ ဘုန်းကံချင်းတူညီဖို့လည်း လိုတယ်လေ.။ တကယ်တော့ စိတ်ကောင်းစေတနာ ကောင်းထားရင် ဘုန်းကံက များလာမှာပါပဲ..။ စေတနာ တူသူချင်း ၊ကံတူသူချင်း မှသာ တစ်ယောက်နဲ့တစ်ယောက် ဖေးမလက်တွဲပြီး ဘ၀ ခရီးလမ်းကို ပျော်ပျော်ကြီးလျှောက်လှမ်းနိုင်တာပါ.။
ဥဒုမ္ဗရ ဒေ၀ီလို ဘာအပြစ်မှမလုပ်မိပဲနဲ့ ချစ်သူရဲ့ ထားသွားတာကိုခံရတယ်ဆိုရင် စိတ်တွေညစ် ၀မ်းနည်း ပက်လက်နဲ့ ဒေါသတွေလည်း ဖြစ်မနေပါနဲ့ဟာ.။သူ့မှာနင်နဲ့ လက်တွဲဖို့ ကံအား ဥာဏ်အား ဘုန်းကံအား နည်းရှာတယ်လို့ မှတ်ပြီး သနားပစ်လိုက်စမ်းပါ..။
နင့် ရဲ့ အရည်အချင်း နင့်ရဲ့ဖြူစင်တဲ့ စိတ်ထားကို မြတ်မြတ်နိုးနိုး တန်ဖိုးထားမယ့်သူ တစ်ယောက် မကြာခင် နင့်ဆီရောက်လာမှာပါ..။
.
အသည်းကွဲ နေသူများအတွက် ဖြေသိမ့်နိုင်စရာ စာစုတစ်ခုဖြစ်ပါစေ.။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments