ကာရန်ညီမနက်ခင်း
***************
သိပ်မလင်းသေးတဲ့ မနက်ခင်းတစ်ခုမှာပေါ့
နေ့သစ်ကို စတင်ဖို့
(မထစဖူး) အိပ်ယာကနိုးထ
ပြတင်းတံခါးကို လှပ်ဟလိုက်တယ်.။
.
အလို!!!..
ကျာကျာကျည်ကျည်နဲ့
ကိုယ်ပိုင်သံစဉ်စစ်စစ်တွေကို
ပျော်သလိုသီဆိုနေတဲ့ ငှက်ကလေးတစ်စု..
သဘာဝရဲ့ ရေမရောတဲ့ တေးသံတွေ….

.
အဖြူရောင်ကောဇောအလား
မှားရမယ့် တရုတ်စကားပွင့်ကြွေ ..
သူတို့ရဲ့ရနံ့တွေ..
.
မျက်နှာပေါ်ဖြတ်တိုက် ကျီစယ်သွားတဲ့ လေပြည်ညင်းလေး..
သူ့ရဲ့ အေးမြမှုတွေ
.
ဘေးအိမ်က အဘွားအို ရဲ့
သြကာသ အစချီတဲ့ ဘုရားဝတ်ပြုသံတွေ
ကြေးစည်သံတွေ နဲ့ အမျှတွေ ပေးဝေ..
.
သံဃာတော်တွေကို ဆွမ်းလောင်းလှူ
မိတ်ကပ်တွေနဲ့ မပူလောင်တဲ့
သနပ်ခါး မျက်နှာနဲ့ မိန်းကလေးတစ်ယောက်
သူမရဲ့ သဒ္ဒါတရားတွေ
.
ဆွတ်ပျံ့သာယာဖွယ်တွေနဲ့
ကာရန်ကျလှပနေနိုင်လွန်းတဲ့
ဒီလိုအချိန်လေးကို မသိ
နေ့ရှိသရွေ့ ညဉ့်နက်တဲ့ထိစာတွေထိုင်ဖတ်..
နေမြင့်အောင်နှပ်နေမိခဲ့တဲ့အချိန်တွေ
ခုကျမှနှမြောနေမိတယ်..
.
အဲ့ဒီအချိန်မှာပဲ
အိမ်နီးနားချင်းကလေးတစ်ယောက်က
စာကောက်ကျက်လိုက်တယ်
“စောစောအိပ်ထ ပြုကျင့်က” အစချီကဗျာလေး..။
မသိမသာလေးနားထောင်ရင်း ခပ်ရေးရေးကလေး ပြုံးလိုက်မိပါတော့တယ်..။
.
သာယာကြည်နူးဖွယ်မနက်စောစောလေးများကိုပိုင်ဆိုင်နိုင်ကြပါစေ.
ခင်မင်လျက်
WHP

Post a Comment

0 Comments