“လွန်ပွဲ”
******
ရင်ထဲမှာအမြစ်တွယ်နေတဲ့
မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒတစ်ခုရယ်..
နှလုံးသားထဲမှာတည်မြဲနေတဲ့
နက်ရှိုင်း နင့်သည်းတဲ့မေတ္တာ နဲ့ ချစ်ခြင်းတစ်ခုရယ်
တစ်ခုက..
သူတစ်ပါး ဘ၀ လှပစေမယ့် အိမ်မက်ကလေး.
တစ်ခုက .
ချစ်သူနဲ့ပျော်ရွှင်နေရမယ့်ဘ၀ကလေး..
(တစ်ခုပဲရခဲ့မယ်ဆိုရင်)
စိတ်ဆိုတဲ့ ချိန်ခွင်ထဲမှာ..
ဘယ်အရာက အလေးသာမှာပါလိမ့်..
******
ရင်ထဲမှာအမြစ်တွယ်နေတဲ့
မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ဆန္ဒတစ်ခုရယ်..
နှလုံးသားထဲမှာတည်မြဲနေတဲ့
နက်ရှိုင်း နင့်သည်းတဲ့မေတ္တာ နဲ့ ချစ်ခြင်းတစ်ခုရယ်
တစ်ခုက..
သူတစ်ပါး ဘ၀ လှပစေမယ့် အိမ်မက်ကလေး.
တစ်ခုက .
ချစ်သူနဲ့ပျော်ရွှင်နေရမယ့်ဘ၀ကလေး..
(တစ်ခုပဲရခဲ့မယ်ဆိုရင်)
စိတ်ဆိုတဲ့ ချိန်ခွင်ထဲမှာ..
ဘယ်အရာက အလေးသာမှာပါလိမ့်..
.
ကြီးကျယ်လှတဲ့ နှလုံးသားတွေနဲ့..
မြတ်သောစိတ်ထား ဘယ်နှစ်ခုလောက်ကရော
သွေးအေးအေး နဲ့သူတို့ နှလုံးသားတွေကို စတေးခဲ့ကြတာပါလိမ့်
.
တစ်ခါတစ်လေတော့လည်း
ကိလေသာ ဖက်တဲ့ ချစ်ခြင်းရမ္မက်ကြောင့်
(အရင်က)တောင့် တ ခဲ့မိ ဖူးတဲ့လမ်းတွေ
ကမောက်ကမ ဖြစ်ဖြစ်နေတတ်တယ်လေ..။
.
ဒွိဟစိတ်များ ကင်းဝေးကြပါစေ.။
ခင်မင်စွာဖြင့်
WHP



0 Comments