ပုခက်လွှဲလက်များသို့
****************
နှာခေါင်းပေါက်နှစ်ခုချင်းတူတူ
ဘာကြောင့်အသက်ပိုမရှူနိုင်ရမလဲ..။
.
ပုခက်လွှဲရမယ့် လက်တွေမို့
အားငယ်ဖို့မလိုပါဘူး.။
.
လူသားကို မွေးဖွားဖြစ်ပေါ်စေနိုင်စွမ်းကအစ
အမျိုးသမီးတွေမှာပဲ ရခဲ့တာ
စဉ်းစားကြည့်ရင် ဂုဏ်ယူစရာပေါ့။



.
ညီမလေးရေ..
ရွှေပေးလို့မရတဲ့အိနြေ္ဒ ..
တန်ဖိုးရှိလှတဲ့ ကိုယ်ကျင့်တရား
အဲ့ဒါတွေကိုလည်း ဖယ်မထားကြေး..။
.
အားမနွဲ့တဲ့ မိန်းမသားအဖြစ်
ရဲရဲရင့်ရင့်နဲ့ သတ္တိတွေကို လက်တွဲ
ပုခက်တွေလည်း လွှဲ ရင်းနဲ့..
လောက ရဲ့ ပြတင်းပေါက်တွေကိုကျော်ဖြတ်
ထက်မြက်တဲ့မိန်းကလေးအဖြစ်
အတောင်နှစ်ဆယ်ဝတ်တွေကိုကျော်ပြီး
ဝင့်ဝင့်ထည်ထည်နဲ့ ရပ်တည်ပစ်လိုက်ကြရအောင်..။
.
ခင်မင်စွာဖြင့်
WHP
15.11.2013,7:20PM

Post a Comment

0 Comments