အဖြူရောင်ကဝေ
************
အပြုံးတစ်ခုက
ငါအရှုံးပေးရမယ့်လက်နက်
(တဒင်္ဂစာ) အသက်ရှူတွေရပ်စေတယ်..
.
စကားသံလေးတစ်ခုသာပါပဲ
ဒါပေမယ့်
ဥသြငှက်ကလေးရဲ့တေး လို
စမ်းရေတမျှကြည်လင်အေး
နှလုံးသားရဲ့ ဆေးဖြစ်ခဲ့တယ်
.
ဖြူစင်တဲ့အပြုံး
သိမ်မွေ့တဲ့စိတ်ထား
နူးညံ့တဲ့ အကြင်နာတရားတွေက
(အံ့သြဖွယ်ရာ..)
စိတ်နှလုံးတစ်ခုလုံးကို
ကြိုးမပါပဲ
ခိုင်ခိုင်ခံ့ခံ့ နဲ့ စွဲမြဲစွာ တုပ်နှောင်တယ်
.
ဒီလိုနဲ့ပဲ..
ကိုယ်တိုင်တောင် မသိလိုက်တော့တဲ့
အချိန်တစ်ခုမှာ.
ငါဟာ
ကဝေတစ်ကောင်ရဲ့ ဖမ်းစားခြင်းစက်ဝန်းက
ရှင်သန်ထမြောက် ဖို့ မေ့လောက်တဲ့အထိ..
ကျေနပ်ပျော်ဝင်နေမိပါတော့တယ်..
.
ခင်မင်စွာဖြင့်
WHP
************
အပြုံးတစ်ခုက
ငါအရှုံးပေးရမယ့်လက်နက်
(တဒင်္ဂစာ) အသက်ရှူတွေရပ်စေတယ်..
.
စကားသံလေးတစ်ခုသာပါပဲ
ဒါပေမယ့်
ဥသြငှက်ကလေးရဲ့တေး လို
စမ်းရေတမျှကြည်လင်အေး
နှလုံးသားရဲ့ ဆေးဖြစ်ခဲ့တယ်
.
ဖြူစင်တဲ့အပြုံး
သိမ်မွေ့တဲ့စိတ်ထား
နူးညံ့တဲ့ အကြင်နာတရားတွေက
(အံ့သြဖွယ်ရာ..)
စိတ်နှလုံးတစ်ခုလုံးကို
ကြိုးမပါပဲ
ခိုင်ခိုင်ခံ့ခံ့ နဲ့ စွဲမြဲစွာ တုပ်နှောင်တယ်
.
ဒီလိုနဲ့ပဲ..
ကိုယ်တိုင်တောင် မသိလိုက်တော့တဲ့
အချိန်တစ်ခုမှာ.
ငါဟာ
ကဝေတစ်ကောင်ရဲ့ ဖမ်းစားခြင်းစက်ဝန်းက
ရှင်သန်ထမြောက် ဖို့ မေ့လောက်တဲ့အထိ..
ကျေနပ်ပျော်ဝင်နေမိပါတော့တယ်..
.
ခင်မင်စွာဖြင့်
WHP



0 Comments