စက်ဘီးကလေးရဲ့ရင်ဖွင့်သံ
*****************

မလင်းတလင်းနဲ့ တချို့မနက်ခင်းတွေမှာပေါ့
ဂလုံဂလွမ် မြည်သံပေး
ပြင်ဖို့အတွက်ဆိုင်ကိုပြေးရလွန်းလို့
“ဆိုင်မဆင်းလေး” လို့ဘွဲ့ထူးခံတဲ့စက်ဘီးကလေးနဲ့အတူ
နယ်မြို့တစ်မြို့ရဲ့ ရွာလေးတစ်ရွာဆီကို
“အာစရိယဂုဏော အနန္တော” ကိုခံယူ
စေတနာဖြူတဲ့ ဆရာမအသစ်လေးတစ်ယောက်
သူ့အလုပ်ကိုမသွား ခင် မကြာမကြာရောက်လာတတ်ခဲ့တယ်.။

.
စက်ဘီးက သူမကို စီးလိုက်
သူမကစက်ဘီးကိုစီးလိုက်နဲ့
ချွေးပြိုက်ပြိုက် ကျတဲ့အခိုက်
အဖြူရောင်အပြုံးလေးတွေက
ညီညီညာညာ နှုတ်ဆက်ကြတဲ့အခါ
သူမရဲ့ ရင်ထဲ စမ်းချောင်းလေးတစ်ခုစီးဆင်း..
မင်္ဂလာ မနက်ခင်း..လေး..ပေါ့..။
.
အရပ်ကလေးမမှီ့တမှီနဲ့ သူမ မြေဖြုကိုကိုင်တယ်
စိတ်မရှည်တဲ့အခါ ခုံလေးပေါ်မှာ ယိုင်နဲ့နဲ့ထိုင်တယ်.။
.
လေထဲမှာ ၀ဲပစ်လိုက်မယ့်အလား ဂဏန်းသင်္ချာတွေကိုဆော့ကစားတယ်
စံပယ်ပွင့်ကလေးတွေက မက်မက်မောမောနဲ့
ကြယ်ကြွေတွေလိုတယုတယကောက်ယူတယ်..။
.
မှန်တဲ့အခါ အိပ်ကပ်ထဲမှာပါတဲ့သကြားလုံးတွေပစ်ပေးတယ်
မှားရင်တော့ ချွေးတွေ ထွက်တဲ့အထိ ရှင်းပြပေးတယ်..။
.
ဆိုင်ကယ်တ၀ီဝီနဲ့ ဆရာ ဆရာမ တွေအလယ်
စက်ဘီးကလေးက သူ့ကိုယ်သူမသိမ်ငယ်ခဲ့ပါဘူး.။
.
ဆရာမလေးရဲ့ အမှတ်အသားအဖြစ်
ဂုဏ်ယူစွာ သံစုံဟစ်နေ…မြဲ..။
.
စက်ဘီးသံကြားတဲ့အခါ
အလုအယက်ပြေးလာကြတဲ့ ပန်းပွင့်လေးတွေအလယ်
အစဉ်အမြဲ ၀င့်ထည်နေ…မြဲ..။
.
မလင်းတလင်း မနက်ခင်းတွေမှာ
ဆရာမလေးနဲ့အတူ
တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နေ..မြဲ..ပင်..။
.
ပန်းကလေးများ အမြဲလှပနိုင်ကြပါစေ..။
ခင်မင်စွာဖြင့်
WHP
14.11.2013 ,4:16 PM

Post a Comment

0 Comments