ပင်နီ
                                                                ****
.
ပင်နီဆိုတာ ချည်ဖြူကို ဆိုးထားတာမဟုတ်ဘူး။ ပင်ကိုနီ။ဝါပင်ကိုက သီးပြီး ပွင့်လာတော့ ၀ါနီကလေး ပွင့်လာတာ ။ ပင်နီဖျင်စ ရက်ချင်ရင် ၀ါနီကလေးတွေကို ချည်ငင်ပြီး ရက်ရတယ်။ဒီနယ်က ၀ါတောင်သူက ၀ါစိုက်တဲ့အခါ “ပွဲတော်သုံးစာ” ဆိုပြီး ၀ါနီစေ့ ကလေးကိုလည်း ၀ါဖြူခင်းထဲမှာ နည်းနည်းရောစွက်ပြီး ကြဲထားသတဲ့ ။ဝါနီကသူ့ချည်းသတ်သတ် တစ်ခင်းကြဲပြီး ရှက်လို့တဲ့။မပေါက်ဘူးတဲ့။အဖြူခင်းထဲမှာ ရောစိုက်မှပေါက်တာတဲ့။
ဝါသီးမှည့်လို့ ၀ါကောက်တဲ့အချိန်ရောက်တော့ ၀ါနီကလေးတွေကို သီးခြားခွဲပြီး ကောက်ခဲ့တယ်။ဝါနီဟာအပင်က ကောက်စက အခုပင်နီအင်္ကျီအရောင်လို မရင့်သေးဘူး။အ၀ါဖျော့ဖျော့ရယ် သီတင်းကျွတ်တန်ဆောင်မုန်းမှာဝါကောက် ပြီးမြေအိုးကလေးထဲဝါပေါက်ကလေးတွေကို သိပ်ထည့်ပြီးနှပ်ထားလိုက်ရသတဲ့ ။တပို့တွဲ တပေါင်းလကျတော့ အိုးထဲကထုတ်ပြီး ၀ါကြိတ်ပြီ ။ အဲ့ဒီတော့အရောင်ကလေးက ရင့်နေပြီ။ကြိတ်ပြီးထုံးစံအတိုင်း ၀ါဖန့် ၊ချည်ငင် ၊ စင်တင်ရက်တာပေါ့။
.
လူထုဒေါ်အမာ
၁၂ပွဲဈေးသည်နှင့်ကျွန်မတို့အညာစာအုပ်
စာမျက်နှာ ၉
.
သူငယ်ချင်းတို့ဗဟုသုတ ပွားများကြပါစေ..။

Post a Comment

0 Comments