တန်ဖိုး
*****
တန်ဖိုးရှိသူဆိုတာ
အမြတ်တနိုး တန်ဖိုးထားတတ်သူနဲ့သာ
အစဉ်အမြဲ ထိုက်ထိုက်တန်တန်ရှိလှတာမျိုး။
“စိတ်စေတနာကောင်း” နဲ့ “နားလည်နိုင်မှု” ဆိုတဲ့
တန်ဖိုး ပိုင်ရှင်တွေက လည်း ရှားပါးတတ်တာမျိုးမို့
ငွေနဲ့ချိုးလို့လည်းမရ
လိုချင်သူတွေ တကြွကြွ
မရလိုက်တဲ့သူတွေက တသသနဲ့
ဖြစ်နေတတ်ကြတယ်..။
.
တန်ဖိုးကို လွဲမှားစွာယုံ
ငွေနဲ့ဂုဏ်ကိုအဟုတ်မှတ်ပြီးပုံအပ်..
ရုတ်တရက်ဆုံးဖြတ်လိုက်တဲ့အခါ
ကိုယ်နဲ့အတူချန်ခဲ့မှာက
“နောင်တ”ဆိုတဲ့အရာပါပဲ.။
.
ခင်မင်စွာဖြင့်
WHP
18.11.2013
7:05 PM

Post a Comment

0 Comments