“တိတ်ဆိတ်ခြင်း၏ ရသ”
*******************
.
ကျွန်မရဲ့ စကားပြောဖော်အဖြစ်
ကျွန်မက ရပ်တည်တဲ့ကာလပေါ့…
.
“အေးချမ်းခြင်း” ဆိုတဲ့ ရသတစ်ခုကို ရတယ်.။
.
ကော်ဖီတစ်ခွက်..
မုန့်ကြွပ်တစ်ချပ်..
ညစာအဖြစ်ကျွန်မရဲ့ အတပ်မက်ဆုံးအရာတွေ….။
အဲ့ဒါတွေကလည်း စားပွဲပေါ်မှာငြိမ်ငြိမ်သက်သက်နဲ့နေတယ်..။
.
စာအုပ်အထူကြီးတစ်အုပ်..
ခဲတံတစ်ချောင်း…
တရားဓမ္မ….
ပူပန်မှုကင်းတဲ့ ငြိမ်းချမ်းအေးမြခြင်း…တို့နဲ့အတူ..
အတင်းအဖျင်းတွေကင်း..
အတွင်းစိတ်သန္တာန်က အေးချမ်းခြင်းက..
ကျွန်မ ရဲ့ နှလုံးသားမှာတိတ်တိတ်ဆိတ်ဆိတ် နေရာလာယူတယ်..။
.
အဲ့ဒီလိုနဲ့..
ဆိတ်ငြိမ်ခြင်းရဲ့ ရသ ဟာ..
ကာရန်တွေနဲ့ ချိုမြ…
ပူပန်မှုတွေကင်းကာ လှပနေခဲ့ပါတယ်….။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments