အတ္တနဲ့မာန လွှမ်းမိုးသောစိတ်ဖြင့်ပြုလုပ်သောကံဟူသမျှသည် မိမိတို့၏ အမြင်အရကောင်းသည် ဟုထင်ရသော်လည်း တကယ်တမ်းမကောင်း ။မီးကို အေးသည်ဟုထင်မှတ်ပြီး ကိုင်သောအခါ တကယ်မအေးပဲ ပူသည်ကိုသာ ခံစားရသကဲ့သို့ဖြစ်၏ ။ထို့ကြောင့်တကယ်တမ်းကောင်းသောကံဟူသည် လောဘကိုပါးအောင် လုပ်နိုင်သော အတ္တနှင့်မာနကို ပါးအောင်လုပ်နိုင်သော ကံသာဖြစ်၏ ။ယင်းကံသည်သာတကယ်တမ်းကောင်းကျိုးကိုဖြစ်စေနိုင်ပါ၏။
.
ဆရာကြီးဦးရွှေအောင်
မဋ္ဌကုဏ္ဍလီ ဆောင်းပါးမှ

Post a Comment

0 Comments