အဝေးဆုံးနေရာက အနီးဆုံး ချစ်သူ
*************************
အဆက်အသွယ်တွေ မရတဲ့အခါ
မင်းကိုယ်တိုင် ရေးပေးထားတဲ့စာလေး
လက်ရေးဝိုင်းစက်စက်လေးတွေက
သတိရစိတ်တွေကိုပြေပျောက်စေတယ်..။
.
အားငယ်နေတဲ့အခါ
မင်းလက်နဲ့ ဖန်တီးထားတဲ့ လက်ဆောင်လေး
မင်းပေးတဲ့ရောင်စုံစက္ကူစလေးတွေက..
အားပေးနှစ်သိမ့်တယ်..။
.
ဝမ်းနည်းနေတဲ့အခါ
မင်းပေးပို့ထားတဲ့ဓာတ်ပုံလေး
ဖြူစင်တဲ့အပြုံးလေးက
ကိုယ့်ကိုပျော်ရွှင်လာစေတယ။်
.
အထီးကျန်နေတဲ့အခါ
မင်းပေးပို့လိုက်တဲ့ နှင်းဆီလေး
မင်းပေးတဲ့ ၀က်ဝံရုပ်ကလေးက
ကိုယ့်ကိုအဖော်ပြုပေးတယ်..။
.
ချစ်သူရေ
ကမ္ဘာတစ်ခြမ်းမကလို့
စကြာဝဠာကြီးတစ်ခုလုံး ဝေးစေဦးတော့
ကိုယ်မကြောက်တော့ဘူး..။
.
မင်းကနှလုံးသားရဲ့ အနီးဆုံးနေရာမှာ
ထာဝရရှိနေတယ်လေ.. <3 <3
.
ခင်မင်စွာဖြင့်
.
WHP
*************************
အဆက်အသွယ်တွေ မရတဲ့အခါ
မင်းကိုယ်တိုင် ရေးပေးထားတဲ့စာလေး
လက်ရေးဝိုင်းစက်စက်လေးတွေက
သတိရစိတ်တွေကိုပြေပျောက်စေတယ်..။
.
အားငယ်နေတဲ့အခါ
မင်းလက်နဲ့ ဖန်တီးထားတဲ့ လက်ဆောင်လေး
မင်းပေးတဲ့ရောင်စုံစက္ကူစလေးတွေက..
အားပေးနှစ်သိမ့်တယ်..။
.
ဝမ်းနည်းနေတဲ့အခါ
မင်းပေးပို့ထားတဲ့ဓာတ်ပုံလေး
ဖြူစင်တဲ့အပြုံးလေးက
ကိုယ့်ကိုပျော်ရွှင်လာစေတယ။်
.
အထီးကျန်နေတဲ့အခါ
မင်းပေးပို့လိုက်တဲ့ နှင်းဆီလေး
မင်းပေးတဲ့ ၀က်ဝံရုပ်ကလေးက
ကိုယ့်ကိုအဖော်ပြုပေးတယ်..။
.
ချစ်သူရေ
ကမ္ဘာတစ်ခြမ်းမကလို့
စကြာဝဠာကြီးတစ်ခုလုံး ဝေးစေဦးတော့
ကိုယ်မကြောက်တော့ဘူး..။
.
မင်းကနှလုံးသားရဲ့ အနီးဆုံးနေရာမှာ
ထာဝရရှိနေတယ်လေ.. <3 <3
.
ခင်မင်စွာဖြင့်
.
WHP



0 Comments