စိုးရိမ်ခြင်း
******
ဖုန်းမအားတဲ့အခါအတွေးထဲဝင်လာတတ်တယ်
အခြားတစ်ယောက်အနားများရောက်နေလေမလား….
.
တစ်ရက်လောက်လေး ဖုန်းမဆက်တဲ့အခါ..တွေးထင်လာတတ်တယ်..
မေ့များသွားပြီလား…….
.
ဝေးဖို့တွေးလိုက်ရင် နာကျင်လာတတ်တယ်
နှလုံးသားတစ်ခု လုံး ကွဲကြေသွားတော့မှာလား…….
.
စိတ်ဆိုးလို့ တစ်ခုခု ပြောမိလိုက်ရင် ပူပန်လာတတ်တယ်
နာကျည်းသွားလေမလား..

ကိုယ်မဟုတ်တဲ့အခြားတစ်ယောက် သူ့အနားရောက်နေရင်
ဒေါသတွေ ဖြစ်တည်လာတတ်တယ်..
သူ့ကိုပဲ ချစ်တော့မှာလား…….လို့ပေါ့..။
.
ဘယ်လောက်သဘောထားကြီးသူဖြစ်ဖြစ်..
အရမ်းချစ်မိတဲ့အခါ.
စိုးရိမ်ခြင်း.. ဆိုတဲ့အရာက..
ရင်မှာ မသိမသာ နေရာယူလာတတ်ပါတယ်..
.
ခင်မင်စွာဖြင့်
WHP

0 Comments