ကာမဂုဏ်ကို ရွှံ့ညွန်နှင့်နှိုင်းလျှင် ဘ၀ ကိုကြာပန်းနှင့်နှိုင်းရမည်ဖြစ်၏ ။ရွှံ့ညွန်သည်စက်ဆုပ်ဖွယ်ကောင်းသလို ကာမဂုဏ်သည်စက်ဆုပ်ဖွယ်ကောင်းပါ၏။အမှန်အားဖြင့် ကြာပန်းသည် ရွှံ့ညွန်နှင့် ကင်း၍ မဖြစ်သလို ဘ၀သည်လည်း ကာမဂုဏ်နှင့် ကင်း၍ မဖြစ်။
သို့ရာတွင် ကြာပန်းသည်ရွှံ့ ညွန်တော၌ ပေါက်သော်လည်း ရွှံ့ညွန်အလိမ်းလိမ်း မကပ်ငြိပါမှ မွှေးလည်းမွှေး၏ ။လှလည်း လှ၏ ။ အကယ်၍ ကြာပန်းသည်ရွှံ့ညွန်တော၌ဖြစ်ပြီး ရွှံ့ညွန်အလိမ်းလိမ်းကပ်နေပါက မွှေးလည်းမွှေးမည်မဟုတ် လှလည်းလှမည်မဟုတ်။ထိုနည်းတူ ဘ၀သည် ကာမဂုဏ်တော၌ဖြစ်ပြီး ကာမဂုဏ်အလိမ်းလိမ်းကပ်နေပါက ဘ၀သည်လှလည်း လှမည်မဟုတ်။မွှေးလည်းမွှေးမည်မဟုတ်။
ထို့ကြောင့်ဘ၀ကို မွှေးလည်းမွှေးစေလိုပါလျှင် လှလည်း လှစေလိုပါလျှင် ကာမဂုဏ်များ အလိမ်းလိမ်း မကပ်ရလေအောင် အားထုတ်ရမည်ဖြစ်၏။
ကာမဂုဏ်များ အလိမ်းလိမ်း မကပ်ရအောင်အားထုတ်ခြင်းဟူသည် ဖြစ်ပေါ်လာသော အကျိုးတရားများ၌ မမက်မောခြင်း ဖြစ်၏.။
.
ဆရာကြီးဦးရွှေအောင်၏ ကိုယ်ကျင့်ဗုဒ္ဓ၀င်နိဒါန်းမှ

Post a Comment

0 Comments