တကယ်တော့……………
******************
“အနွေးထည် ၀တ်သွားနော်” လို့အမြဲ မှာတတ်တယ်
တကယ်တော့………….
သူကိုယ်တိုင်က ကျွန်မနှလုံးသားရဲ့
အနွေးထွေးဆုံးအနွေးထည်လေး ဆိုတာကို
သူမသိခဲ့ပါဘူး။
.
ပျော်စရာ ကဗျာလေးတွေရေးမိရင်
ကောင်းကောင်းမကောင်းကောင်း
“ကောင်းလိုက်တာ” လို့အမြဲလက်မ ထောင်တတ်တယ်
တကယ်တော့………………
သူကိုယ်တိုင်က ကျွန်မနှလုံးသားရဲ့
ပျော်စရာအကောင်းဆုံး ကဗျာလေးတစ်ပုဒ် ဆိုတာကို
သူမသိခဲ့ပါဘူး။
******************
“အနွေးထည် ၀တ်သွားနော်” လို့အမြဲ မှာတတ်တယ်
တကယ်တော့………….
သူကိုယ်တိုင်က ကျွန်မနှလုံးသားရဲ့
အနွေးထွေးဆုံးအနွေးထည်လေး ဆိုတာကို
သူမသိခဲ့ပါဘူး။
.
ပျော်စရာ ကဗျာလေးတွေရေးမိရင်
ကောင်းကောင်းမကောင်းကောင်း
“ကောင်းလိုက်တာ” လို့အမြဲလက်မ ထောင်တတ်တယ်
တကယ်တော့………………
သူကိုယ်တိုင်က ကျွန်မနှလုံးသားရဲ့
ပျော်စရာအကောင်းဆုံး ကဗျာလေးတစ်ပုဒ် ဆိုတာကို
သူမသိခဲ့ပါဘူး။
.
ဝမ်းနည်းစရာ ကဗျာလေးတွေ ရေးမိရင်
“စိတ်မကောင်းဖြစ်နေတာလား “ လို့တွေး
မေးခွန်းတွေ အကြိမ်ကြိမ်မေးနဲ့  စိတ်ပူတတ်ရှာတယ်
တကယ်တော့…………………..
သူစိတ်မကောင်းဖြစ်ခြင်းကသာ
ကျွန်မအတွက် စိတ်မကောင်း အဖြစ်ဆုံးအရာ
အဲ့ဒါတွေသူမသိခဲ့ပါဘူး။
.
အသေးစိတ်က အစ ဂရုစိုက်ကာ ကြင်နာလွန်းသူ.
အားနည်းချက်တွေကို စေ့စပ်သေချာစွာထောက်ပြ
အစစအရာရာ ဖေးမပြင်ဆင်ပေးသူ.
ကျွန်မ ဘယ်လို ဆိုးဆိုး ခွင့်လွှတ်တတ်သူ.
အံ့သြဖွယ်ရာ anniversary ပေါင်းများစွာကို ဖန်တီးပေးနိုင်သူ.
ကျွန်မချစ်တဲ့
ရောင်စုံနှင်းဆီပန်းပုံလေး တွေ ကို ရာနဲ့ချီအောင် ပို့ပေးတတ်သူ
.
တကယ်တော့……………
သူ ဟာ အကောင်းဆုံး ဘ၀ရဲ့ ဆုလာဘ်တစ်ခု…
လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းတွေနဲ့ ကာရံထားတဲ့တံတိုင်း တစ်ခု.
ပျော်ရွှင်စရာ ကမ္ဘာငယ်တစ်ခု။
.
ချစ်ခင် နှစ်သက်ခြင်း နဲ့ ကြည်နူးခြင်းရသတွေကိုပေးစွမ်းနိုင်တဲ့
ဘယ်တော့ ပဲဖြစ်ဖြစ် စိတ်ဝင်စားဖွယ်တွေပြည့်နေတဲ့..
မှော်စာအုပ်ငယ်တစ်အုပ်။
.
မာနကြီးတဲ့ နှုတ်ဖျား က မဖွင့်ဟခဲ့ဖူးတဲ့
ရင်ထဲက
သူ့အတွက်.. တိတ်တဆိတ် မှတ်ချက်တွေ.
တကယ်တော့………………………
သူမသိနိုင်ခဲ့ပါဘူးလေ..။
.
အမြဲခင်လျက်
WHP



0 Comments