“ဒါနောက်ဆုံးအချစ်ပဲ” လို့
သူ့ကိုနင်ပြောခဲ့ဖူးတယ်
“မင်းမရှိရင်မနေနိုင်ဘူး”လို့
သူ့ကိုနင်ပြောခဲ့ဖူးတယ်
“မင်းတစ်ယောက်ကိုသာချစ်မယ်”လို့
သူ့ကိုနင်ပြောခဲ့ဖူးတယ်
“မင်းကလွဲလို့ ကိုယ်ကစပြီးချစ်ရမယ့်သူ မရှိတော့ဘူး” လို့
သူ့ကိုနင်ပြောခဲ့ဖူးတယ်
သူ့ကိုပြောပြီးသားငါ့ကိုနင်ပြောတဲ့စကားတွေ…..
သူသိမှာ စိုးလို့
နင့်မသိစိတ်ကကျူးလွန်မိတဲ့
နင်မသိတဲ့အမှားတွေ……………..
.
ထားလိုက်ပါတော့လေ……….
နင့်ဘက်က ဘာတွေဘယ်လိုဖြစ်ဖြစ်..
နှလုံးသားကချစ်နေမိတော့လည်း ..
“ယုံပါ” ဆိုတဲ့ စကားတစ်ခွန်းကြောင့်..
နာကျင်နေရပေမယ့်.
အမြဲတန်ဖိုးထားနေတော့မှာပါ..
.
နှလုံးသားမှ နာကျင်ခြင်း ဒုက္ခ ကင်းဝေးကြပါစေ…။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments