အကောင်းဆုံး
**********
ခံစားတတ်တဲ့ နှလုံးသား
သူ့ကို ဦးစားပေးကြည့်တဲ့အခါ
ဆင်ခြင်တတ်တဲ့ ဦးနှောက်မှာ
အရှုံးဆိုတဲ့ လက္ခဏာ ပြတယ်..
.
ထာဝရလို့ကြွေးကြော်..
အချစ်..လို့ အမည်တပ် ထားခြင်း ခံရတဲ့
နူး ညံ့ တဲ့ လောဘ က နေတစ်ဆင့်
ရင်ဘတ်ထဲမှာ လှိုက်လှိုက် လှဲလှဲ အပျော်တွေ ဖြစ်တည်တယ်.။
.
စဉ်းစားစရာ တစ်ချက်တော့ရှိလေရဲ့..
ဆုံးဖြတ်ချက် ..တစ်ခု.ဆိုတာဟာ..
တဒင်္ဂ ထက်
ဘ၀တစ်သက်တာ အတွက်..
ပျော်ရွှင်ချမ်းမြေ့နိုင်မှသာ..
အကောင်းဆုံး….ဆိုတာကိုပေါ့.
.
အကောင်းဆုံးများကိုရွေးချယ်နိုင်ကြပါစေ။
.
ခင်မင်စွာဖြင့်
WHP

Post a Comment

0 Comments