တစ်နာရီ တစ်ခါ
ဖုန်းမဆက်တတ် ပေမယ့်
စက္ကန့် တိုင်းတော့
သတိရနေတယ်
.
ချစ်တယ်လို့
နှုတ်က တစ်ကြိမ်မှ မဖွင့်ဟပေမယ့်
နှလုံးသား ထဲ မှာ
ထာဝရ တည်ရှိနေတယ်
.
နွဲ့ နှောင်းမှု မပါ
ပြတ်သားတဲ့စကားမာမာတွေ သာ
မကြာမကြာ ပြောတာ ဖြစ်ပေမယ့်
ချစ်သူ ရဲ့ ပျော်ရွှင်မှု မှာ တိတ်တဆိတ်သာယာတတ်ကြတယ်
.
သူမရှိလည်း နေနိုင်တယ်လို့
ကိုယ့်ကိုကိုယ် ညာ
မာန ကြောင့်ရတာက
ဝေဒနာအကြွင်း
အဲ့ဒါကို လည်း ဖြေသိမ့်ရင်း
အလွမ်းတွေခင်းကျင်းတတ်ကြတယ်....
.
မာန ကြီးတဲ့ သူ အတော်များများဟာ
သူ့မာန ထက်ကြီး တဲ့
ချစ်ခြင်းတစ်ခုနဲ့ တွေ့လာတဲ့အခါ
အဲ့ဒီနှစ်ခုကြား မှာ
ဘာကိုမှ မစွန့်လွှတ်ချင်တဲ့ စိတ်နဲ့
အိပ်စက်ခြင်း ဆိုတာရဲ့ အဝေးမှာ
နင့်သည်းတဲ့ ဝေ ဒနာ တစ်ခုကို
အဖော်ပြုရင်း
တွေဝေစဉ်းစားနေတတ်ကြရပါတော့တယ်
.
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments