အရက်
*****
အသေမစောချင်ရင်
ရေ မရောနဲ့
.
အသေ မတော်ချင်ရင်
အရည်ဖျော်သောက်
ဆံပင်ဖြူချိန် တွေ တောင်မရောက်
သေခြင်းက နောက်ကောက်မကျ
ဘဝမှာ ခဏ ပဲ နေရလိမ့်မယ်
.
သောက်စ ကတော့
ကိုယ်က သူ့ ကိုသောက်
တိမ်တွေပေါ် ရောက်သလို မြောက်တောက်တောက်နဲ့
စိတ်ညစ်စရာတွေတောင်
ပျောက်တော့မလိုလို
သိပ်ချစ်စရာတွေတောင်
ရောက်တော့ မလိုလို
.
သောက်ဖန်များလာတော့
သူကကိုယ့်ကိုပြန်သောက်
ပြဿနာတွေသာရောက်လာ
ရူးကြောင် မူးကြောင်နဲ့ ယောင်ချာချာတွေဖြစ်
စိတ်ညစ်ခြင်းတွေနဲ့ မိတ်ဆက်ကြ
ယစ် မူး ခြင်း ဆိုတဲ့မြစ်ထဲ မျောပါနေရတော့တယ်
.
ကဲ
အဲ့လောက်ဆိုးတဲ့ ဒီအရက်
ခဏတာ ပျော်ရွှင် ခြင်းအတွက်
တစ်ဘဝတာ ပြိုလဲခြင်းကို မငဲ့ကွက်
ဘာလို့မက်နေတော့မလဲ
သူငယ်ချင်းရယ်
.
.
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments