အပေါ် ယံရွှေမှုန်ကြဲ ထားတဲ့
စကားတွေကိုသုံး
ချစ်တယ်ပြောပြီး
မပြုံးပါနဲ့တော့ဟာ
စိတ်ချ..
ငါဆိုတဲ့ငတုံး က
နင်ဘယ်လို ပြုံးပြုံး
ငါဘယ်လိုရှုံးရှုံး
နင့်အသည်းကွဲဝေဒနာအတွက်
ငါ့ကိုဘယ်လို သုံးသုံး
အဆုံးထိမုန်းလို့မရတဲ့ကောင်...
.
မရနိုင်တဲ့ နင့်အချစ်တွေကို
တောင့်တပြီး
ယောင်တောင်တောင်ဖြစ်နေဦးမှာမို့ပေါ့
.
(သူငယ်ချင်းတစ်ယောက် ရေးပေးဖို့ တောင်းဆိုထားတဲ့အသည်းကွဲ တမ်းချင်းလေး တစ်ပုဒ်...ပါ)
.
ချစ်သူတိုင်းအဆင်ပြေကြပါစေ
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments