လက်ထပ်ပွဲ**

ပရိတ်သတ်အများကြီးမရှိ တဲ့
အခန်းထဲ
ခြေလှမ်းကျဲကျဲ နဲ့ ဝင် ခဲ့ကြတယ်
သညိးသည်းလှုပ်တဲ့ အကြည့်တွေနဲ့
တစ်ယောက်ကို တစ်ယောက်ကြည့်
သံယောဇဉ်တွေ....
သံယောဇဉ်တွေ
.
သံယောဇဉ်တွေ
ထပ်မံငြိတွယ်မိကြတယ်
.
ပန်းကြဲပေးမယ့်သူ မရှိ
တစ်ယောက်အပြုံးကို တစ်ယောက်
နှင်းဆီပန်းလုပ်ပြီး
ပျော်ရွှင်မှုတွေ
သောက်သုံးလိုက်ကြတယ်
.
သူက ကိုယ့်အတွက်
အခမ်းနားဆုံး
မင်းသားတစ်ပါး
.
ကိုယ်က သူ့အတွက်
အလှဆုံး နတ်သမီး
ဘယ်လိုပဲ ထပ်ကြည့်ကြည့် ရှု မငြီးဘူး ။
.
စာချုပ်နှစ်စောင်
ဘောပင်နှစ်ချောင်း
မခမ်းနားပေမယ့်
နှလုံး သားနှစ်ခုပေါင်းတဲ့
လက်ထပ်ပွဲ
သူတို့ သူတို့နွှဲ နေကြတဲ့
အကောင်းဆုံးအဆောင်အယောင်တွေနဲ့တောင်မလဲနိုင်ဘူး ။
.
.

အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments