သင့်အောင်မြင်မှုနှင့် သင့်စိတ်ချမ်းသာမှုကိုသင်ကိုယ်တိုင်ပင်တောင်းဆိုယူရလိမ့်မည်။
ကမ္ဘာလောကသည် သင့်အားဘာကိုမျှ အလကားပေးမည်မဟုတ်
.
ဘယ်သူကမျှသင့်ထံကိုလာပြီး ပခုံးအသာပုတ်ကာ.. ရော့ ယူဗျာ အခွင့်အရေးတွေ ...ဟုပေးမည်မဟုတ် ။
ပခုံးပုတ်၍လှည့်အကြည့်တွင် မျက်နှာကိုလက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင်ခံရချင်ခံရနိုင်သည်။
.
အလကားရနိုင်တာ ဒါမျိုးပဲ ရှိသည်။
ဒါကိုလူတိုင်းလည်းသိကြသည် ။
သို့သော် ဒါကိုသိလျက် သူတို့ဘယ်လိုတွေးကြသနည်း။
ဘယ်သူကမှ ငါ့က်ု မကူညီလျှင် ငါဘယ်မှာ အောင်မြင်မှာလဲ ဟုပဲတွေးသည်။
မှားပြန်ပါပြီ
မည်သူမျှသင့်ထံလာပြီး အခွင့်အရေးမပေးဘူးဆိုတော့ကောဘာဖြစ်သနည်း။
သင့်အားအောင်မြင်သူတစ်ဦး ဘဝ ရောက်ရှိအောင်တွန်းပို့မောင်းနှင်ပေးမည့်စွမ်းအားတွေ သင့်၌အပြည့်ရှိနေသည်။
သင်၌လိုအပ်နေသည်မှာ သင်သည် ဤလောက၌ထိုက်တန်သောတစ်နေရာကို ရပိုင်ခွင့်ရှိသည်ဟူသောယုံကြည်ခိက်နှင့်ထိုအရာကိုရအောင်ယူမည်ဟူသောခိုင်မာသည့်သံန္နိဌာန်တို့သာဖြစ်သည်။
ဒါတွေကိုအခြားက မရနိုင်။
သင့်ကိုယ်တိုင် ထံမှပင်သင် တောင်းခံရပေမည်။
.
ဖေမြင့်
ကိုယ့်ထူးကိုယ်ချွန်သမားအတွက် လက်စွဲ စကားများ
စာမျက်နှာ ၁၂

Post a Comment

0 Comments