ချစ်သင့်တဲ့ အချစ်ကို
မချစ်မိခဲ့ရင်
အချစ်နဲ့ ကင်းကွာရတတ်တယ်
နောင်တစ်ချိန် လိုချင်လိုက်တာ
ဆိုတာတောငိ ထိုအချစ်က ကိုယ့်ဆီမလာ
တစ်ဘဝ လုံး ယောင် ချာချာ ဖြစ်တတ်တယ်.
.
မေ့သင့်တဲ့ အရာကို
မမေ့ပစ်ရင်
ပျော်ရွှင်ခြင်း နဲ့ ကင်းကွာရတတ်တယ်
နောင် တစ်ချိန် အထိ လည်း
သတိရ တသသ နဲ့
ဘာမှ လည်း အကျိုး မရ
တစ်ဘဝ လုံး ရဲ့ အပျော်တွေ
မလှမပ ဖြစ်တတ်တယ်.
.
သူငယ်ချင်းရေ...
နွေးထွေး တဲ့ ချစ်ခြင်းတစ်ခုက
မင်းရှေ့ မှာ အဆင်သင့်
လမ်းတွေ ဖွင့်ပေးထားရင်
စဉ်းစားလိုက်ပါ
.
ခါးသီး အရာ
မင်းရှေ့မှာ ဝမ်းနည်း ခြင်းတွေအဖြစ်ပိတ်ဆို့လာရင်
တွန်းဖယ်လိုက်ပါ
.
လူ့ဘဝ ဆိုတာ တို တောင်း
တစ်ခုပြီး တစ် ခု ပြောင်း
ကံကောင်းခြင်း ဆိုတာ
အကြိမ်ရေ အများကြီး မလာတတ်တာမို့
အချိန်နှောင်း တဲ့အခါ မင်း ရမှာ
နောင် တ ဆိုတာ ဖြစ်နေမှာစိုးလို့ပေါ့ ....။
.
.
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments