လျှို့ ဝှက်သူ
.
နှလုံးသားထဲမှာရှိတာ
နှင်းဆီတစ်ပွင့်ဖြစ်ဖြစ်
စံပယ်တစ်ပွင့် ဖြစ်ဖြစ်
ဘယ်တော့မှ ထုတ် ဖော်မပစ်ဘူး။
.
ချစ်သူကို ချစ်တဲ့အချစ်
နက်ရှိုင်း တာဖြစ်ဖြစ်
သိပ်သည်း တာဖြစ်ဖြစ်
ဘယ်တော့မှ ပြောဆို မမြွက်ဘူး။
.
ပြောချင်တဲ့စကားတွေ
ကောင်းတာတွေ ဖြစ် ဖြစ်
ဆိုးတာတွေ ဖြစ်ဖြစ်
ဘယ် တော့မှ နှုတ်ခမ်းကနေ
ဖွင့်ကာမလှစ်ဘူး။
.
အဲ့ဒီလိုမျိုးနဲ့
လျှို့ဝှက်သူတစ်ယောက်
ချစ်သူမုန်းသွား မှာတော့
သိပ်ကြောက်တတ်ခဲ့တယ်
.
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments