နှင်းဆီတစ်ပွင့်သူပေးတယ်
နှလုံးသားထဲ အထိမွှေးပျံ့
တိမ်းညွတ်ဆွတ်ပျံ့ဖွယ်ဖြစ်တယ်
.
စိတ်ကူးယဉ်အိမ်ကလေး တစ်လုံး
သူပေးတယ်
စိတ်မှာ သာယာကြည်နူး
ပျော်ရွှင်ခြင်းတွေနဲ့မြူးတယ်
.
ဝက်ဝံရုပ်ကလေး တစ်ရုပ်
သူပေးတယ်
ရင်မှာ နွေးထွေး
ကိုယ့်ကို အမြဲ အဖော်ပြုပေးတယ်
.
အသည်းပုံစက္ကူ အပိုင်း အစလေးတွေ
သူပေးတယ်
အံ့သြပျော်ရွှင်ကာ
မက်မော သာယာတယ်
.
အမြဲတမ်း က နေတတ်တဲ့
ချစ်စရာ အရုပ်မလေး တစ်ရုပ် သူပေးတယ်
ဂရုစိုက်ကြင်နာ တတ်မှု အတွက်
အမြဲတမ်း ကျေးဇူးတင်တတ်ခဲ့ တယ်
.
ဝေးကွာခြင်း တွေ သူ ပေးတယ်
လွမ်းဆွတ်ခြင်းတွေကြားမှာ
နှလုံးသားက
တဆစ်ဆစ်နာတယ်
.
ဒီလိုနဲ့
ပုံပြင်လေး အဆုံးသတ်ခဲ့တယ်
.
အမြဲခင်လျက်
ဝတ်မှုံ
နှလုံးသားထဲ အထိမွှေးပျံ့
တိမ်းညွတ်ဆွတ်ပျံ့ဖွယ်ဖြစ်တယ်
.
စိတ်ကူးယဉ်အိမ်ကလေး တစ်လုံး
သူပေးတယ်
စိတ်မှာ သာယာကြည်နူး
ပျော်ရွှင်ခြင်းတွေနဲ့မြူးတယ်
.
ဝက်ဝံရုပ်ကလေး တစ်ရုပ်
သူပေးတယ်
ရင်မှာ နွေးထွေး
ကိုယ့်ကို အမြဲ အဖော်ပြုပေးတယ်
.
အသည်းပုံစက္ကူ အပိုင်း အစလေးတွေ
သူပေးတယ်
အံ့သြပျော်ရွှင်ကာ
မက်မော သာယာတယ်
.
အမြဲတမ်း က နေတတ်တဲ့
ချစ်စရာ အရုပ်မလေး တစ်ရုပ် သူပေးတယ်
ဂရုစိုက်ကြင်နာ တတ်မှု အတွက်
အမြဲတမ်း ကျေးဇူးတင်တတ်ခဲ့ တယ်
.
ဝေးကွာခြင်း တွေ သူ ပေးတယ်
လွမ်းဆွတ်ခြင်းတွေကြားမှာ
နှလုံးသားက
တဆစ်ဆစ်နာတယ်
.
ဒီလိုနဲ့
ပုံပြင်လေး အဆုံးသတ်ခဲ့တယ်
.
အမြဲခင်လျက်
ဝတ်မှုံ


0 Comments