ရုပ်က တော့ခပ်ဆိုးဆိုးပဲ
ကလစ်တွေကို တစ်မျိုးပြီးတစ်မျိုး
ခေါင်းမှာထိုးတယ်
.
စာကြည့်နေရင် ဘာမှမသိ
ကဗျာ ဖတ်နေချိန် သူ့ကိုစကားသွားပြောရင်
လက်သီးစာ မိတတ်တယ်
.
ကိုးဆယ်မပြည့်တပြည့်ပေါင်ချိန်
ငါးပေမပြည့်တပြည့် အရပ်
ပိန် တယ် လို့ပြောရင်
ဝမ်းနည်းပက်လက် နဲ့
နှုတ် ခမ်း က တစ်မိုင်လောက် ထော် မကြည်ကြည့် နဲ့
ဖြေဖျော် တတ်တယ်
.
အမြဲတမ်း ထမိန်ရှည်ရှည် ဝတ်
သနပ်ခါး ကို မျက်နှာ လန်းရုံ ဆွတ်
လောက ကြီး မှာ
သူ့လောက်အလုပ်ရှူပ် တဲ့သူ မရှိတဲ့စတိုင်နဲ့
ချောင် တစ်ခုခုမှာ ခပ်မှိုင်မှိုင် ထိုင်
ဘောပင်ကိုကိုင်ပြီး
စာတွေလျှောက်ရေး
အတွေးတွေ က တစ်စက်မှမလှ
ရယ်လည်းရယ်ရလေရဲ့
.
လူ ပု စိတ်တို ပိန်သေး
ပန်းလေး လို မလှတဲ့
ပန်းနာမည်နဲ့ အဲ့ကောင်မလေး
အခုလည်း ပေါက်ကရ ကဗျာတွေရေးံ
ငေးငေးဆွေးဆွေးဖြစ်နေပြန်လေရဲ့။
.
ဝတ်မှုံလေး

Post a Comment

1 Comments

  1. စာသားတွေက စွန်းမိုက်တယ်နော့

    ReplyDelete