လ သား အရွယ်က
ကျွန်မအတွက်
အကောင်းဆုံး အဆိုတော်ပေါ့
သူမရဲ့ အိမ်မက် တွေကို ပုခက်ထဲထည့်ကာထည့်ကာလွှဲ..လို့
ကျွန်မ က အိမ်မက်ထဲ မှာကြယ်ပွင့် တွေဆီ အလည်သွားလို့..့
သူမ ရသမျှ သီချင်းတွေ အော်
ဒီလိုနဲ့ ကျွန်မ အိပ်ပျော် ခဲ့တယ်။
.
တစ်နှစ် အရွယ်က
ကျွန်မ အတွက်
အကောင်းဆုံး ကစားဖော်ပေါ့
ကျွန်မ ပျော်ရွှင်ဖို့ အရေး ဒုက္ခ ခံပေးလို့
ကျွန်မ အညစ်အကြေးတွေ
မညည်းမညူ ရှင်း လင်းပေးလို့
သူ မရဲ့ မေတ္တာရိပ်မှာ ခို လှုံ
ကျွန်မ ဘဝ လုခြုံ ခဲ့တယ်
.
ကျောင်း တက်တဲ့ အရွံယ်
ပညာသင်တဲ့အရွယ်
ချစ်သူ ရှာတဲ့အရွယ်
အဲ့ဒီအရွယ်တွေကို
ရောက်လာပေမယ့်
ကျွန်မ က သူ့အတွက်ကလေးလေး
အမြဲတမ်း ယုယကြင်နာမှုတွေကို
ဘာကိုမှမမျှော် ကိုးပဲ
ချစ် ခြင်းမေတ္တာ အပြည့်နဲ့ ပေးရှာတယ်
.
သေချာပါတယ်
"မေမေ " ဆိုတာ
ကျွန်မနှလုံးသားထဲက
ဘုရင်မ
ဘယ်သူနဲ့မှအစားထိုး လို့မရဘူး။

ဝတ်မှုံလေး

Post a Comment

0 Comments