ကိုယ့် အတွက်မှ မဟုတ်ခဲ့ပဲ
ဒါ တောင်
သူ့အပြုံးမှာ
ဘာကြောင့် သာယာနေခဲ့ပါသေးသလဲ
.
ကိုယ့်အတွက်မှ မဟုတ်ခဲ့ပဲ
ဒါတောင်
သူ့ အကြောင်းတွေးတိုင်း
ဘာကြောင့်ရင်မှာ
ပျော်ရွှင်ခြင်း လှိုင်းတွေ
ဖြတ် ပြေးနေရပါသေးသလဲ
.
ကိုယ့်အတွက်မှ မဟုတ်ခဲ့ပဲ
ဒါတောင်
သူ့ ကြင်နာခြင်းတွေ မြင်တဲ့အခိုက်
နှလုံး သားက
တလှိုက်လှိုက်ခုန်အောင်တမ်းတမက် မော
သူ့ချစ်သူနေရာ မှာ
ကိုယ်ဖြစ်ချင်ဇောနဲ့
ဘာကြောင့်ရင်မောနေခဲ့ရပါသေးသလဲ
.
ခုတော့သိလိုက်ရပါပြီ
သူကကိုယ့်အတွက်မဟုတ်ခဲ့လည်း
အချစ်ဆိုတဲ့ သတ္တဝါက
အလိုက် မသိစွာ
ရင်ဘတ်ထဲမှာနေရာလာလာယူ
မီးတောက်တွေလို ပူတတ်တယ် ဆိုတာကိုပေါ့ ။
.
(ညီမလေး MT ရေးပေးဖို့တောင်းဆိုထားတဲ့စာစုေ လးပါ )
.
အမြဲခင်လျက်
ဝတ်မှုံ
ဒါ တောင်
သူ့အပြုံးမှာ
ဘာကြောင့် သာယာနေခဲ့ပါသေးသလဲ
.
ကိုယ့်အတွက်မှ မဟုတ်ခဲ့ပဲ
ဒါတောင်
သူ့ အကြောင်းတွေးတိုင်း
ဘာကြောင့်ရင်မှာ
ပျော်ရွှင်ခြင်း လှိုင်းတွေ
ဖြတ် ပြေးနေရပါသေးသလဲ
.
ကိုယ့်အတွက်မှ မဟုတ်ခဲ့ပဲ
ဒါတောင်
သူ့ ကြင်နာခြင်းတွေ မြင်တဲ့အခိုက်
နှလုံး သားက
တလှိုက်လှိုက်ခုန်အောင်တမ်းတမက်
သူ့ချစ်သူနေရာ မှာ
ကိုယ်ဖြစ်ချင်ဇောနဲ့
ဘာကြောင့်ရင်မောနေခဲ့ရပါသေးသလဲ
.
ခုတော့သိလိုက်ရပါပြီ
သူကကိုယ့်အတွက်မဟုတ်ခဲ့လည်း
အချစ်ဆိုတဲ့ သတ္တဝါက
အလိုက် မသိစွာ
ရင်ဘတ်ထဲမှာနေရာလာလာယူ
မီးတောက်တွေလို ပူတတ်တယ် ဆိုတာကိုပေါ့ ။
.
(ညီမလေး MT ရေးပေးဖို့တောင်းဆိုထားတဲ့စာစုေ
.
အမြဲခင်လျက်
ဝတ်မှုံ


0 Comments