မနက်ခင်း
အောက်အီးအီးအွတ်မြည်သံတစ်ခနြဲ့
အရုဏ်ကျင်းအလင်းဆောင်
မမှောင့် တမှောင်လေး ဖြစ်တယ်
.
အိမ်ရှေ့လမ်းမကျယ်
ပဲပြုတ် ဆိုတဲ့အော်သံတစ်ခုက
နှိုးစက် အဖြစ်ထမ်းဆောင်
မျက်လုံး နှစ်ခုကို
စတင် ကြောင်တောင်တောင်ဖြစ်စေတယ်
.
နမော တသ ရွတ်ဆိုသံ
ကြည်နူးစရာအဖြစ် နဲ့
စိတ်ကိုစွမ်းဆောင်
စိတ်ညစ်စရာတွေတောင်
ခေတ္တ ခဏ တိမ်းရှောင်စေတယ်
.
ရင်ဘတ်တစ်စုံ
စတင်နိုးထကတည်းက
မင်းအကြောင်းကိုတွေး
သတိရစိတ်တွေက
တဖြည်းဖြည်းနေရာလာယူ....နှလုံးသားတစ်ခုလုံး
ကျိုက်ကျိုက်ဆူတယ်

ဒီလိုနဲ့
ပုံမှန်မနက်ခင်းတွေထဲ က တစ်ခု
ပြီးဆုံးသွားခဲ့တယ်
.. ..... .... ....
.
အမြဲခင်လျက်
ဝတ်မှုံ

Post a Comment

0 Comments