ဆိုက်ကားစီးရင်း ဆုတောင်းပေးမယ်
သူမ ဆီကရတဲ့ ပိုက်ဆံလေးနဲ့
ဆိုက်ကား ဆရာရဲ့
မိသားစုအတွက်
စားဝတ်နေရေး ပြေလည်ပါစေ။
.
အသုပ်စားရင်း ဆုတောင်းပေးမယ်
သူမ ထံက ရတဲ့ အသုပ်ဖိုး နဲ့
အသုပ်ဆိုင်ပိုင်ရှင် အဒေါ်ကြီးရဲ့ ကလေးလေး
ပညာသင်ပေးနိုင်ပါစေ။
.
လမ်းလျှောက်ရင်းနဲ့ အမှိုက်တွေ့တယ်
မရှက်မကြောက်ပဲ
ဖယ် ရှားပစ်ပေးဖို့ ဝန်မလေးသူ
သူမလေး ရဲ့ စိတိ စေတနာဖြူစင်တယ်
သူမ ဆီကရတဲ့ ပိုက်ဆံလေးနဲ့
ဆိုက်ကား ဆရာရဲ့
မိသားစုအတွက်
စားဝတ်နေရေး ပြေလည်ပါစေ။
.
အသုပ်စားရင်း ဆုတောင်းပေးမယ်
သူမ ထံက ရတဲ့ အသုပ်ဖိုး နဲ့
အသုပ်ဆိုင်ပိုင်ရှင် အဒေါ်ကြီးရဲ့ ကလေးလေး
ပညာသင်ပေးနိုင်ပါစေ။
.
လမ်းလျှောက်ရင်းနဲ့ အမှိုက်တွေ့တယ်
မရှက်မကြောက်ပဲ
ဖယ် ရှားပစ်ပေးဖို့ ဝန်မလေးသူ
သူမလေး ရဲ့ စိတိ စေတနာဖြူစင်တယ်
.
မိဘကို တတ်သမျှ ထောက်ပံ့
တစ်စုံတစ်ခုဆိုရင်
မိသားစုရှေ့ က
မားမား မတ်မတ်ရပ်တယ်.
.
သူမ ကို မနာလိုဖြစ်တဲ့သူတွေဆိုရင်
သနား...
ငါ့ လို မဖြစ်ရှာ ပါလား လို့တွေး
အပြုံးလေးနဲ့ ပြန်လည်အားပေးတယ်.
.
သူမ လေးက မလှဘူး
ဒါပေမယ့် အပြုံးလေး ချိုမြတယ်
ယောနိသော မနသီ ကာရ
နှလုံး သွင်း လေးလည်း လှတယ်
.
မနာလို ဝန်တိုကင်း
ရှင်းသနိ့ဖြူစင် တယ်
.
ဘယ်သူ တွေ ဘယ်လိုပြိုင်ကြ ဆိုင်ကြ
သူမ ဘယ်သူ့ကို မှအားမကျဘူး
.
လုပ်တဲ့ အလုပ်တိုင်းကို
ကုသိုလ်ဖြစိအောင်ပြောင်း
သူမလေး ရဲ့ ဘဝက
ကျက်သရေ မင်္ဂလာ နဲ့ ခညောင်းတယ်
.
အဲ့ဒီလိုသူမလေးက
ပျော်ရွှင်ကျေနပ်စရာဘဝ တစ်ခုရနေတာ
တကယ်တော့
ထူးဆန်းတဲ့အရာ
မဟုတ်တော့ပါဘူး
.
အဲ့ဒီလို သူမလေး ပေါင်းများစွာ
ကျွန်မ တို့ရဲ့ ကမ္ဘာမှာလိုတယ်။
.
ဝတ်မှုံလေး


0 Comments