Amoxicillin နှင့် ampicillin တို့၏ခြားနားချက်များ
************************************

Amoxicillin ကို အူနံရံတွေက ပိုမိုစုပ်ယူနိုင်စွမ်းရှိပါတယ်… သူဟာ plasma protein တွေထဲမှာကြာကြာနေနိုင်စွမ်းရှိတဲ့အတွက် ..သူ့ရဲ့အာနိသင်ဟာ ampicillin ထက်ပိုမိုရှည်ကြာပါတယ်….


Ampicillin ရဲ့ စုပ်ယူနိုင်စွမ်းကို အစာက အနှောင့်အယှက်ပေးနိုင်ပေမယ့်..amoxicillin ကိုတော့အစာက မနှောင့်ယှက်နိုင်ပါဘူး…ဆိုလိုတာက ampicillin က အစာနဲ့တွဲသောက်လို့အဆင်မပြေသော်လည်း amoxicillin ကိုတော့အစာရှိသည်ဖြစ်စေ..မရှိသည်ဖြစ်စေ သောက်နိုင်ပါတယ်…




Ampicillin နဲ့နှိုင်းယှဉ်ရင် Amoxicillin က ပဋီဇီဝဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ၀မ်းလျှောခြင်းဖြစ်နိုင်ခြေပိုနည်းပါတယ်..



ထို့ပြင် amoxicillin ကသလိပ်နဲ့အကျိအချွဲတွေထဲကို ထိုးဖောက်ဝင်ရောက်ပြီး ပိုးတွေကို သတ်နိုင်စွမ်း..ပိုမိုရှိပါတယ်…


ဆေးနှစ်မျိုးလုံးကို ဆီလမ်းကြောင်းပိုးဝင်နာ ၊နားတွင်းပိုးဝင်နာ ၊သွားနှင့်ခံတွင်းပိုးဝင်နာ ၊ အဆုတ်နာ ၊လေပြွန်နာ ၊ဦးနှောက်အမြှေးရောင်နာ ၊အူရောင်ခြင်း ၊စသည်တို့တွင်သုံးလေ့ရှိပါတယ်…


Ampicillin ကိုသောက်မည်ဆိုပါက ၂၅၀ မီလီဂရမ်ဆေးပြားကို ၆နာရီခြားတစ်ချိန် ၊အစာမစားမီနာရီဝက်အလို ၀မ်းတွင်းအစာမရှိချိန်တွင် သောက်သုံးရန်လိုပြီး ဆီလမ်းကြောင်းပိုးဝင်နာအတွက် ၅၀၀ မိလီဂရမ်ကို ၈ နာရီခြားတစ်ကြိမ်သောက်ရပါတယ်…


Ampicillin ကိုသောက်မည်ဆိုပါက ၂၅၀ မီလီဂရမ်ကို ၈နာရီသောက်ရပါတယ်..
ရောဂါပြင်းပါက ၅၀၀ မီလီဂရမ်ကို ၈နာရီခြားတစ်ကြိမ်သောက်ဖို့လိုပါတယ်…


သတိပြုရန်မှာ ပင်နီစလင်နှင့်မတည့်သူဖြစ်ပါက ထိုဆေးနှစ်မျိုးစလုံးနှင့်မတည့်တတ်ပါ…
ကျောက်ကပ် ရောဂါရှိသူများ သတိပြုသုံးစွဲရန်လိုအပ်ပါသည်…


Translated by WHP
Ref;
2011 lecture notes on pharmacology ,Volume III ,University of pharmacy ,Yangon; page 441 ,anti-infective agents ,differences between ampicillin and amoxicillin...

Post a Comment

0 Comments