စိတ်အစဉ်ကို……
တိမ်တွေ လို လွင့်မျောပစ်တယ်………

"ကာရန်" တွေ ……
" နဘေ " တွေ ……
စည်း တွေ ဘောင်တွေ ထဲက ရုန်းထွက်ပစ်တယ်………

ကဗျာ ……
နှလုံးသား………
ခံစားချက်………
အစာအိမ်………
.
ဦးနှောက် ရဲ့ တစ်ထောင့်တစ်နေရာက ……
မင်းတို့ကို ဒီမိုကရေစီ တစ်နေ့ ပေးပစ်မယ်………


ကာရန် တွေ မပါ လည်း ရေး ကြေး
နဘေ တွေ မပါပဲ တွေး ကြေး……
အလွမ်းတွေ နဲ့ မဆွေး ကြေး……
အရသာ ရှိတာ အကုနိ လွေး ကြေး ………
ငိုချင်လျက်နဲ့ လည်း မပြုံးကြေး……
ဟန်ဆောင်ပြီးတော့လည်း မမုန်းကြေး ……
.

ဒီလိုနဲ့ ……
လွတ်လပ်တဲ့ ကဗျာ တစ်ပုဒ် ကို……
စောင့်ထိန်း မှုတွေ ကြားထဲက…
ကိုယ်တိုင် လည်းတပ်ဆင်ထားမိတဲ့
ရောင်စုံမျက်နှာဖုံးတွေ ကြားထဲက
ခဏတဖြုတ် ဆွဲထုတ်တယ်…………
.
အတောင်ပံ မရှိရှာတဲ့ ထိုကဗျာလေး……

ဝေးနိုင်သမျှ ဝေးအောင် ပျံသန်းစမ်းပါစေ………

တစ်နေ့ နေ့ ……
ချစ်သူရဲ့ နှလုံး သားပေါ်မှာ ပြန်ရှာတွေ့ မယ်ဆိုရင်……

ကိုယ်ကျေနပ်ပါရဲ့လေ………။

.
အမြဲခင်လျက်…
ဝတ်မှုံလေး………

Post a Comment

0 Comments