နေရမယ့် ရက်တွေ က များတော့
သေရမယ့် တစ်ရက်
မေ့မေ့ နေတတ်တယ်
.
ပျော်ရမယ့် ရက်တွေများတော့
ငို ရမယ့် တစ်ရက်
မထည့်တွက်မိကြဘူး
.
အောင်မြင် ကျရှုံး
ဝန်တို မုန်းထား
မာန တရားတွေကြားထဲက
မလွဲမသွေ ကြုံ ကြရမယ့်
သင်္ခါရတရား..
နည်းနည်း လေးဖြစ်ဖြစ်
သတိထားမိတဲ့အခါ
အရာရာဟာ
ဖြေသိမ့်စရာတွေ ဖြစ်
စိတ်အစဉ်မှာ အေးချမ်းမှုတွေ
ဆန်းသစ်လာမှာ
သေချာနေပါတော့တယ်
.
ဝတ်မှုံလေး

Post a Comment

0 Comments