မေ့ပစ်လိုက်ပြီဆိုမှတော့
သိပ်ချစ်မိတဲ့ နှလုံးသား
နောက်ချန်ပြီး ဖွာလန်ကြဲ
ကွဲအက်နေရုံကလွဲလို့
ဘာများ တတ်နိုင်ဦးမှာလဲ
.
လိုတာတွေ မရ
ရတာတွေ မလှ
လှတာတွေ မလို
အဲ့ဒီလို ဘဝထဲ
ဝငိ မလာရဲ ခဲ့တဲ့
ပန်းကလေး တစ်ပွင့်
ွရက်စက်တယ်လို့တွေးမပစ်ရက်ခဲ့တော့ပါဘူး ...

လှပတဲ့ အိမ်မက်ကလေး တစ်ခုအဖြစ်
နှလုံးသားထဲ မှာ ထာဝရသိမ်းဆည်း
နက်ရှိုင်းတဲ့ ချစ်ခြင်းတစ်ခုကို
ဝမ်းနည်း ခြင်း တွေနဲ့ ချိတ်ဆွဲရင်း
အသည်းကွဲညနေက
အကျိုး အပဲ့ ကာရန်တွေနဲ့အတူ
လောင်မြိုက်ပူလောင်နေခဲ့ပါတော့တယ်
.
ဝတ်မှုံလေး

Post a Comment

0 Comments