တော်သေးတယ်
သူထားသွားခဲ့ပေမယ့်
ကျွန်မအတွက်ဖြေသိမ့်စရာ
စာတွေ ကဗျာတွေ ရှိနေသေးလို့……။

တော်သေးတယ်
သူ မချစ်တော့ ပေမယ့်
ကျွန်မ ကို မြတ်နိုး ကြင်နာသူ
မိဘ နှစ်ပါးက
ကျွန်မ နှလုံးသား ကို
အမြဲ ဖြေသိမ့်ပေးတတ်လို့…။

တော်သေးတယ်
စိတ်ညစ်စရာတွေဘယ်လောက်ရှိရှိ
အားပေး ကူညီဖေးမတတ်တဲ့ သူငယ်ချင်းတွေ
ကျွန်မ အတွက် အမြဲ ရပ်တည် နေခဲ့လို့……။

တော်သေးတယ်
ဘယ်သူတွေ ဘယ်လောက်ပြောင်းလဲလဲ
အချိန်တွေ ဘယ်လို ကုန်သွားသွား
"တော်သေးတယ်" လို့ အမြဲတွေး
ရှာကြံပြီး ကိုယ့်ကိုကိုယ်
ဖြေသိမ့်ပေး တတ်တဲ့
ကျွန်မရဲ့ အကျင့် လေး
စွဲစွဲမြဲမြဲ ရှိနေသေးလို့ပေါ့ ………။

ဝတ်မှုံလေး

Post a Comment

0 Comments