ပျိုးပင်
******
မာနတွေကိုခပ်ဖွဖွလေးရိုက်ချိုး
နှလုံးသားမှာ
ပန်းရောင်နှင်းဆီလေး တစ်ပင်ကို
တယုတယနဲ့ ပျိုးထားတယ်..။
ချစ်ခြင်း အရွက်နုတွေ တလူလူတက်...
နားလည်မှုတွေ အထပ်ထပ်နဲ့
သံယောဇဉ်ကြိုးတွေ ရစ်ပတ်..ကာ
မြတ်နိုး ချစ်ခင် မှုတွေနဲ့
ရေလောင်းပေါင်းသင်ပေး..။
ဟော..
ဒီလိုနဲ့..
လှပတဲ့ ပန်းဖူးလေး..
လေအနော့မှာ..
သင်းတမြမြလေးမွှေးတယ်..။
ဖျော့ဖျော့ ပန်းကလေးရေ..
လွမ်းမောသတ ဖြစ်မနေရပဲ..
ကိုယ့်နှလုံးသား မှာထာဝရ လှစေချင်မိပါတယ်....။
အမြဲခင်လျက်
ဝတ်မှုံလေး...
******
မာနတွေကိုခပ်ဖွဖွလေးရိုက်ချိုး
နှလုံးသားမှာ
ပန်းရောင်နှင်းဆီလေး တစ်ပင်ကို
တယုတယနဲ့ ပျိုးထားတယ်..။
ချစ်ခြင်း အရွက်နုတွေ တလူလူတက်...
နားလည်မှုတွေ အထပ်ထပ်နဲ့
သံယောဇဉ်ကြိုးတွေ ရစ်ပတ်..ကာ
မြတ်နိုး ချစ်ခင် မှုတွေနဲ့
ရေလောင်းပေါင်းသင်ပေး..။
ဟော..
ဒီလိုနဲ့..
လှပတဲ့ ပန်းဖူးလေး..
လေအနော့မှာ..
သင်းတမြမြလေးမွှေးတယ်..။
ဖျော့ဖျော့ ပန်းကလေးရေ..
လွမ်းမောသတ ဖြစ်မနေရပဲ..
ကိုယ့်နှလုံးသား မှာထာဝရ လှစေချင်မိပါတယ်....။
အမြဲခင်လျက်
ဝတ်မှုံလေး...



0 Comments