ဝင်္ကန္တ ဆန်တဲ့နေရာ
ရောင်စုံကာလာတွေနဲ့ အထီးကျန်စာမျက်နှာ အချို့မှာ
ဘာကိုပဲ ဖြစ်ဖြစ်မငြူစူ
အသားကျနေပြီးသား သဘောတူညီချက်တွေနဲ့အတူ
ကျွန်မတို့ တစ်တွေ ဟာ..
မောပန်းတကြီး နိုင်စွာ
အလိုဆန္ဒတွေ အတွက် ရတက်ဖြာရင်း
လိုက်လျော ညီထွေ လက်ခုပ်တီးသူတွေအဖြစ်
အလိုက်သင့် အလျားသင့် စီးဆင်း
အဲ့ဒါကိုက ...
လောကရဲ့တေးသီချင်းပေါ့.....။

အမြဲခင်လျက်
ဝတ်မှုံလေး

Post a Comment

0 Comments