ဝတ်မှုံတမ်းချင်း
***********

မိုးတွေ ရွာနေပြန်လေရဲ့ ……
……ဝတ်မှုံ ………။

နွေခေါင်ခေါင်မှာ ရွာတဲ့ မိုးလို……
ကိုယ့်ရင်က ……
ပူလောင်ခြင်းတွေကြား……
စမ်းချောင်းလေး တစ်ခု
ဖြတ်သန်းစီးဆင်းခဲ့ဖူးလေရဲ့ ………။

ဒီလို ချိန်ခါမှာပဲပေါ့……
နှလုံးသားမှာ…
ဝတ်မှုံ ရနံ့ တွေ သင်းပျံ့ ခဲ့ဖူးတယ်…။

ချိုမြတဲ့
ရယ်သံလေးတစ်ချက်မှာ…
ကိုယ့်အိမ်မက်တွေ…
ချိတ်ဆွဲပါခဲ့ဖူးတယ်……။

ဟန်ဆောင်ကင်းတဲ့ …
ဖြူစင်ခြင်းတွေ ကြားမှာ……
ကိုယ့်ရင်ခုန်ခြင်းတွေ……
စီးမျော ပျော်ဝင် ခဲ့ဖူးတယ်……။

လှည့်စားခြင်း……ဆိုတာ
ဖြစ်ခဲ့မယ် ဆိုရင်တောင်…
ပျော်ရွှင်ခဲ့ရတဲ့ …
အခိုက်အတန့် အချိန်တွေအတွက်……
ဆုံတွေ့ခွင့် …ဆိုတာ ကို
ကျေးဇူးတင်မိရင်း……

နွေ ဦးမှာ ထပ်ရွာလာမယ့်……
မိုးပြေး အေးအေးလေးကို……
ပိတောက်ပန်းတွေ နဲ့ အတူ ……
စောင့်မျှော်နေမိခဲ့တယ်…
…………ဝတ်မှုံရယ်………။
( ကောင်လေးတစ် ယောက်လို ခံစားပြီး ရေးကြည့် တယ် )

အမြဲခင်လျက်…
ဝတ်မှုံလေး………

Post a Comment

0 Comments