ပြတ်စဲခြင်း

ကဲ--ရှင်မ နားထောင်
အိမ်ရှိ တောင်း၊ပလုံး၊ နှီး၊ ဖျာ
ညည်းက အကုန်ယူ
ငါက နှီး ဖြာတတ်သူ။

အိမ်ရှိ အထည်အလိပ်၊ ခေါင်းအုံး ၊မွေ့ယာ
ငါက အကုန်ယူ
ညည်းက ယက်ကန်းတတ်သူ။

ဘူးစင်အောက်က နွားတရှဉ်း
ညည်းကြိုက်တာ ရွေးယူ။

အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ငါ ပြတ်စဲစေ။

ရှေးကဗျာ(အမည်မသိ စာဆို)


ရှေးက ဇနီးမောင်နှံနှစ်ဦး ပြတ်စဲကြတဲ့ အခါ ပစ္စည်းတွေ ခွဲဝေ ကြ ခြင်းကို စာဆိုက ကဗျာလေးနဲ့ဖော်ပြထား ပါတယ်.။ သူတို့ တတ်တဲ့ အတတ်ပညာနဲ့ သင့်လျော်ရာ ကို ရွေးချယ်ခွဲယူ ကြပုံ ကို သေချာပြောပြထားတယ်.ယောက်ျားဖြစ်သူက နှီးဖြာတတ်ကြောင်း မိန်းမ ဖြစ်သူက ရက်ကန်းတတ်ကြောင်း...စသည်ဖြင့်ပေါ့... နွားတစ်ရှဉ်းကို တော့ အမျိုး သမီး ကို ဦးစားပေးတဲ့အနေနဲ့ ကြိုက်ရာယူလို့ ဆိုထားပြန်တယ်..။ခွဲခွာခြင်း ဆိုတာ သေကွဲဖြစ်ဖြစ် ရှင်ကွဲဖြစ်ဖြစ် ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး..။ ဒီကဗျာလေး ဖတ်ပြီး သူတို့ဘာကြောင့် ပြတ်စဲလဲ ဆိုတာလေး ကျွန်မ သိချင်လာမိတယ်....။ကဗျာလေးကို ခံစားကြည့်ရင်း ရှေးခေတ်က လူနေမှုဘ၀ ကိုလည်း တွေးဆနေမိတယ်..။သေချာတာတစ်ခုကတော့
ကဗျာရိုးရိုးလေးက ကျွန်မရင်ကို အရှိန်ပြင်းပြင်းနဲ့ လာထိခတ်တယ် ဆိုတာပါပဲ..။

တကယ်တော့ "ကဗျာ" ဆိုတာ လူနေမှု စနစ် ရဲ့ ပြယုဂ် တစ်ခု လည်း ဖြစ်နေနိုင်သေးတယ် မဟုတ်ပါလားလေ ..။


အမြဲခင်လျက်
ဝတ်မှုံလေး....

Post a Comment

0 Comments