ဘယ်သူတွေ ဘယ်လိုပဲ မှတ်ချက်ချ ချပေါ့ ……
ကိုယ်တိုင် ဖြတ်သန်းရမှာက
ကိုယ့်ဘဝပါ ……။
ဘယ်သူတွေ ဘယ်လို ကောက်ချက်ဆွဲ ဆွဲပေါ့ ……
ရည်မှန်းချက် တွေ ပြိုမလဲဖို့
လိုအပ်တယ် ……။
ဘယ်သူ တွေက ဘာတွေနဲ့ ခိုင်းနှိုင်းနှိုင်း ……
ကိုယ်တိုင်ရေးဆွဲရမှာက ကိုယ့်သမိုင်းမို့ ……
ကိုယ့်သမိုင်း လှပအောင် ဆေးခြယ် …
စိတ်ပျက် အားငယ်ဖွယ်ရာတွေကို မစဉ်းစား ……
ဘေးပြောစကားတွေ ကိုလည်း
နားမယောင်ပဲ
ကောင်းတဲ့အလုပ်ဆိုရင်
ပြီးမြောက် အောင် ဆက်လုပ်ဖို့ သာ လိုအပ်ပါတယ်……။
အောင်မြင်တဲ့ တစ်နေ့ရောက်တဲ့အခါ
ကဲ့ရဲ့ ရှုံ့ချသူတွေလည်း
(မလွှဲမရှောင်သာ)
လက်ခုပ်တီးကြရပါလိမ့်မယ်……။
ဝတ်မှုံလေး၏ စာအိမ်ငယ်



0 Comments