****************************
ဆရာကြီးရွှေဥဒေါင်းက သူ့သူငယ်ချင်း ကိုသိန်းဖေကို ချစ်သလို ညီမလေးကို ကိုယ်ချစ်ခဲ့တယ်……။

မဒမ်ကျူရီကို မဒမ်မွိုင်ဇဲလ် ဒိုဒိုင်စကာ က ထီးတစ်လက်နဲ့သူများတွေ လိုက်စ တာကို ကာကွယ်ပေးသလို ညီမလေးကို ကာကွယ်ပေးချင်မိတယ်…။

ညီမလေးဟာ ကိုယ့်အတွက် buspirone ပါ ။ကိုယ့်anxiety ကို စိတ်သက်သာရာရစေတယ် ။

တစ်ခါတစ်လေတော့ ညီမလေးက ကိုယ့်ရဲ့ acetamenophan ဖျားနာနေချိန်မှာတောင်ကိုယ့်ကိုရယ်မောစေပြန်တယ် ……။


တစ်ခါတစ်လေတော့ ညီမလေးက ကိုယ့်ရဲ့ local anaesthetics ,ကိုယ့်မှာ နာကျင်မှုတွေရှိခဲ့ ရင် တောင် ထုံကျငိ ပစ်စေ ညီမလေးနဲ့ဆို ပျော်ရွှင်နေခဲ့တယ် ……။

ညီမလေး ရယ်ရင်ကိုယ်ပျော် ……
ညီမလေးနဲ့ မမောနိုင် မပန်းနိုင် စကားတွေပြော ……
"ညီမလေး" ဆို တာ ကိုယ့်ရဲ့ ကျောင်းတုန်းကမင်းသမီးချော …
ညီမလေးကို …… ဘဝ မှာ ဘယ်တော့မှ စိတ်ညစ်စရာတွေနဲ့ ……မမောစေချင်ဘူး ။

ညီမလေးရေ……

morphine ရှိလို့ naloxone ဟာ အဖိုးတန်လာရတာ……

အခက်အခဲ ရှိလို့ ဘဝ ဆိုတာကလည်း တောက်လက် လာရတာ …

တစ်ခါတစ်လေတော့ အရမ်းအသုးံဝင်ပါတယ်ဆိုတဲံ့paracetamol လည်းသောက်တာ များသွားရင် N-acetylcystene ကယ်ရတယ် ...

တစ်ခါတစ်လေတော့ အရမ်းပျော်ဖို့ကောင်းတယ်ဆိုတဲ့ ဘဝ လည်း လျှောက်တာ များသွား ရင် အခက်အခဲတွေနဲ့ ဆက်သွယ်ရမယ်……။

diclofenac sodium ကို သောက်မှတော့ GI side effect ဆိုတာ သတိဖက်ကို ထိန်းပေးစရာက လွဲပြီးကြောက်စရာတွေ မဟုတ်နိုင်ဘူး ……။

ယုံကြည်မှု ခရီးကြမ်းကို လျှောက်မှတော့ အခက်အခဲ အနှောင့်အဟန့် ဆိုတာ အသိဖက် ကိုယိမ်းပေး စရာက လွဲပြီး မှောက်စရာ တွေ …မလုပ်နိုင်ဘူး ။
တကယ်တော့ ……

"လဲရင် ပြန်ထ "
အဲ့ဒါ ကိုက ဘဝရဲ့ နိယာမ မို့ ……
ဘာပဲဖြစ်ဖြစ်……
ခင်မင်နှစ်သက်ခြင်းတွေ ရစ်ဖွဲ့နှောင်ခွေ …ပြီး ဆုတောင်းပေးနေမယ် ……။

ညီမလေး အမြဲတမ်း နံပါတ် "တစ်" မှာရှိနေပါစေ ကွယ် ………။

ဝတ်မှုံလေး၏ စာအိမ်ငယ်

title -ညီမလေး သို့ တမ်းတခြင်း
(for UOP seniors )

မှတ်ချက် ။ ။for CTZL , I am the eldest

Post a Comment

0 Comments