********************
စေတနာရှိသူက 
သူ့ လုပ်အားကြောင့် 
သူတစ်ပါး ကောင်းကျိုးရသွားတာကို ပျော်တယ်……။
ပေါ်ပြူလာဖြစ်ချင် သူက
သူ့ လုပ်ဆောငိချက်ကို
လူတွေအားလုံး သိမှ ပျော်တယ်…။

စေတနာရှိသူက
အလုပ်ပြီးမြောက်သွားရင်တောင်
ပြီးမြောက်သွားပါလားလို့ အသိအမှတိပြုရုံ 

စိတ်ထဲ တစ်ခေါက် ဖြစ်ချင်မှတောင် ဖြစ်မယ်…။
ပေါ်ပြူလာဖြစ်ချင် သူက
ဘာမဟုတ်တဲ့ အလုပ်လေး အပေါ်မှာတောင် 

တခမ်းတနား နဲ့ ဂုဏ်ယူ ဝင့်ကြွားစွာ
 ဖော်ပြတတ်ကြတယ်…။


စေတနာရှိသူက
သူ့ အတွက် ထက်
သူတစ်ပါး စိတ်ချမ်းသာမှုကိုရဖို့ မျှော်လင့်တတ်တယ်။



ပေါ်ပြူလာဖြစ်ချင်သူက
သူများကောင်းကျိုးရမှာထက်
သူ့ကို လူကြိုက်များ မှာကို
မျှော်လင့်တတ်တယ်……။

စေတနာရှိသူက
သူ့လုပ်ဆောင်ချက် အားလုံးကို
လူတွေမသိရင်လည်း ကျေနပ်ပျော်ရွှင်နေတတ်တယ်။
ပေါ်ပြူလာဖြစ်ချင်သူကတော့
သူ့လုပ်ဆောင်ချက်ကို
အသေးအမွှားလေးကအစ တစ်ခုမကျန်
လူတွေ သိစေချင်တတ်တယ်……။

နောက်ဆုံးတော့
ပေးဆပ်တတ်တဲ့စေတနာရှိသူဟာ
မလိုချင်ပဲနဲ့ အလိုလျောက် ပေါ်ပြူလာဖြစ်လာပြီး ……

ရယူ ချင်တတ်တဲ့
ပေါ်ပြူလာဖြစ်ချင်သူကတော့
အလိုလျောက် တိမ်မြုပ် ပျောက်ကွယ်သွားတတ်တယ်……။

တကယ်တော့ ကိုယ်စိုက်ပျိုးတဲ့ အပင်ကို ကိုယ်ပြနိရိတ်သိမ်းရမြဲ……
သဘာဝ တရားပဲ မဟုတ်ပါလားလေ ………။

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ်)

Post a Comment

0 Comments