သီအိုရီ
*****
zero degree C မဟုတ်တဲ့အပူချိန်မှာတောင်
အေးခဲသွားစေနိုင်တဲ့ အကြည့် တစ်ချက်……ပေါ့ ……။
သူမ မျက်ဝန်းထဲက
လက်ဖြာနေတဲ့
အဲ့ဒီ စိန်ပွင့်တွေကြောင့် ခက်တယ် ………။
ကျွန်တော် အမှတ်တမဲ့ တွက်ချက်မိတဲံ့ပုစ္ဆာ ……
အဆုံးသတ် အဖြေ က ၁၅၀၀ …တဲ့ ……။
အမှား ဆိုရင်တောင်
နစ်မြုပ်သွား တဲ့ နှလုံးသားကို
အဖတ်ဆယ်ဖို့ အခွင့်ကုန်ဆုံးခဲ့ပြီ……လေ။
*****
zero degree C မဟုတ်တဲ့အပူချိန်မှာတောင်
အေးခဲသွားစေနိုင်တဲ့ အကြည့် တစ်ချက်……ပေါ့ ……။
သူမ မျက်ဝန်းထဲက
လက်ဖြာနေတဲ့
အဲ့ဒီ စိန်ပွင့်တွေကြောင့် ခက်တယ် ………။
ကျွန်တော် အမှတ်တမဲ့ တွက်ချက်မိတဲံ့ပုစ္ဆာ ……
အဆုံးသတ် အဖြေ က ၁၅၀၀ …တဲ့ ……။
အမှား ဆိုရင်တောင်
နစ်မြုပ်သွား တဲ့ နှလုံးသားကို
အဖတ်ဆယ်ဖို့ အခွင့်ကုန်ဆုံးခဲ့ပြီ……လေ။
Charles' law ရဲ့ သီအိုရီ ကို
သက်သေပြဖို့
ကျွန်တော်နဲ့ သူမ ကို ညွှန်းဆိုပါရစေ……
ကျွန်တော့် အချစ်ထုထည်က များလေလေ …
သူမ ကြောင့် ကျွမ်းလောင်မြိုက်ခြင်းက များလေလေ………။
ဓာတ်ငွေ့တောင်မှ အပူချိန်တစ်ခုရောက်ရင်
ထုထည် ပျောက်ကွယ်သွားရသေးတာပဲ ……။
သူမ ရှေ့ရောက်ရင် ကျွန်တော့်မာနတွေ ပျောက်ကွယ် သွားရတာ မဆန်းတော့ပါဘူး ……။
ဟုတ်တယ်……
သူမ က ကျွန်တော့် မာန ထုထည် အတွက်
absolute zero temperature …
"ချစ်တယ် " ဆိုတဲ့ စကားကို
ဘယ်တော့မှ ညာမပြောခဲ့ဘူး ……။
ဘယ်ဓာတ်ငွေ့ဖြစ်ဖြစ်
ဘယ်လောက်များတယ်ပြောပြော
ထုထည်နဲ့ ဖော်ပြရင်အများဆုံး 22.4 cubic decimeter ထက်မပိုနိုင်သလို ……
ဘယ်နှလုံးသားပဲ ဖြစ်ဖြစ်
ဘယ်လောက် ချစ်တယ်ပြောပြော
ကိန်းဂဏန်းနဲ့ ဖော်ပြရင်
၁၅၀၀ ထက် မပို နိုင်ဘူး ...
…သီအိုရီအရပေါ့ …
သိပ္ပံနည်းမကျခဲ့တဲ့ ကျွန်တော်က
နှိုင်းပြ လို့ မရတဲ့ ကျွန်တော့်အချစ်ကို
တစ်ခါမှ ကိန်းဂဏန်းတွေနဲ့ မသတ်မှတ်ခဲ့ဘူး ……
ရူးတဲ့လို့ပဲ ဆိုချင်ဆို………
"အချစ်" ဆိုတာကို
ဓာတုဗေဒ တစ်မျက်နှာ လောက် မတပ်မက်ခဲ့ဖူးတဲ့် ကိုယ်………
………ခုတော့ ဓာတုဗေဒ စာရွက်တွေတောင် သူမကြောင့်
မျက်ရည်လေးတွေ ……စို……လို့။
ဒီလိုနဲ့ ……
သီအိုရီ တစ်ခု ထပ်ထုတ်မိတယ်……
" တူညီသော အပူချိန်နှင့်ဖိအားတွင် လူတစ်ဦး၏ နှလုံးသားသည် အချစ်ရှိခြင်း
မရှိခြင်းတွင်မူတည်၍ ပျော်ရွှင်မှု အချိုးအဆ ကွာခြားနိုင်သည်……"
....
ဒီလိုနဲ့
ဓာတ်ငွေ့တွေနဲ့ ပျော်တဲ့ည ……
ပေါက်ကရ သီအိုရီ တစ်ခုရခဲ့တယ် ………:P
(သူများတွေလို ရှုခင်းလှလှဓာတ်ပုံလေးတွေမရိုက် တတ်သဖြင့် ဓာတုဗေဒ စာအုပ် ဖတ်ပြီး ပေါက်ကရစာ တွေရေးသည် :P :P )
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ် )
Title -ဓာတ်ငွေ့များနှင့် အချစ်ကိုခံစားခြင်း:P


0 Comments