*******************
စာတွေးတဲ့သူလည်း မကြည်သလို
ထိုင် မလုပ်နဲ့

ကဗျာရေးတဲ့သူလည်း video file မလုပ်နဲ့

စာတွေးတဲ့သူ မကြည်သလို ထိုင်လုပ်တော့
ကမောက်ကမ ဖြစ်တတ်တယ်

ကဗျာရေးတဲ့သူ
video file လုပ်တော့ ပေါက်ကရဖြစ်တတ်တယ်……။

စာသင်တဲ့သူလည်း ကဗျာ မရေးနဲ့
ကဗျာ ခင်တဲ့ သူလည်း စာမမေးနဲ့

စာသင်တဲ့သူ ကဗျာရေးတော့ ဆိုလိုတာတွေ ပျောက်တတ်တယ် ……

ကဗျာ ခင်တဲ့သူ စာမေးတော့
အပိုမလိုတာတွေရောက်တတ်တယ် ……။


ကဗျာ သမားလည်း စိတ်မတိုနဲ့

စာသမားလည်း သိပ်မငိုနဲ့ ……

ကဗျာသမား စိတ်တိုတော့ စာသမားလေး သိပ်ကြောက်မယ် …

စာသမားက သိပ်ငိုတော့
ကဗျာသမားလေး စိတ်နောက်မယ်……။

အင်တာနက်မကောင်း လည်း ကြိတ်မဆွေးနဲ့ ……။

ရင်မှာ အက်ကြောင်းကွဲ အတိတ်မတွေးနဲ့……။

အင်တာနက်မကောင်းလည်း ကြိတ်ဆွေးတော့
ဒေါသ ရောက်တတ်တယ် …

ရင်မှာအက်ကြောင်းကွဲ
အတိတ်တွေးတော့
သောက နှောက် တတ်တယ်……။

ဝတ်မှုံဖြူကိုလည်း သိပ်မခင်နဲ့
အချစ်ကုန်သူကိုလည်း သိပ်မကြင်နဲ့

ဝတ်မှုံဖြူကို သိပ်ခင်တော့
ချစ်စရာ အမှန် မရှိလို့ …
စိတ်ပျက်ရလိမ့်မယ်……:P

အချစ်ကုန်သူကိုသိပ်ကြင်တော့
မေတ္တာ အပြန် မရှိလို့ သိပ်ခက်ရလိမ့်မယ် ……။

(19.7.14 အတွက် video file လုပ်ရင်း
အဆင်မပြေသဖြင့် စိတ်ပျက်လက်ပျက်နှင့်ပေါက်ကရလျှောက်ရေးသည်…)
.....

WHP (ဝတ်မှုံလေး၏ စာအိမ်ငယ် )

title-အာပေတူး၏ ဆုံးမစာ....:P

Post a Comment

0 Comments