ကိုယ့်ကိုအမြဲလိုလို မုန့်ထုပ်လေးတွေ လာလာပေးတဲ့ကောင်မလေး …………
ဆံပင်ကရှည်တယ်……
ကျောခိုင်းသွားတဲ့အခါ ဝဲလွင့်ဖြာတက် …
အိမ်မက်တွေ ထဲကို လာလာရိုက်ခတ်တယ်……
အပြုံးက လှတယ်
ကိုယ့်နာမည် အပြည့်အစုံ ကိုလှမ်း ခေါ်ခေါ်တတ်……
အပြုံးလေးက လင်းမြချိုမြိန်စွာ တောက်လက်တယ် ……
ပညာကတော်တယ် …
လူနာတွေက သူ့ကို
တလေးတစား ချစ်ခင်
သူတို့ရဲ့ ကျေးဇူးရှင်လို့ ထင်ကြတယ်……
အထာမကျရုံနဲ့ စိတ်မကုန်တတ်…
ခဝါချပုံအပ် သိပ်မယုံတတ်…လို့
ကြွေးကြော် ထားတဲ့ စိတ်ထား …
သူမနဲ့ကျမှ နည်းနည်းလေး
သက်ဝင်လှုပ်ရှားတယ်……
ဆံပင်ကရှည်တယ်……
ကျောခိုင်းသွားတဲ့အခါ ဝဲလွင့်ဖြာတက် …
အိမ်မက်တွေ ထဲကို လာလာရိုက်ခတ်တယ်……
အပြုံးက လှတယ်
ကိုယ့်နာမည် အပြည့်အစုံ ကိုလှမ်း ခေါ်ခေါ်တတ်……
အပြုံးလေးက လင်းမြချိုမြိန်စွာ တောက်လက်တယ် ……
ပညာကတော်တယ် …
လူနာတွေက သူ့ကို
တလေးတစား ချစ်ခင်
သူတို့ရဲ့ ကျေးဇူးရှင်လို့ ထင်ကြတယ်……
အထာမကျရုံနဲ့ စိတ်မကုန်တတ်…
ခဝါချပုံအပ် သိပ်မယုံတတ်…လို့
ကြွေးကြော် ထားတဲ့ စိတ်ထား …
သူမနဲ့ကျမှ နည်းနည်းလေး
သက်ဝင်လှုပ်ရှားတယ်……
ကျောက်သားမှ မဟုတ်တာပဲကွယ်……
ဖြူစင်စွာ ဖြစ်တည်တဲ့
သူမသံယောဇဉ်လေးကို
မြတ်နိုးတယ်……
ညင်သာ နွဲ့ပျောင်းတဲ့
စိတ်စေတနာလေးကို
တမ်းမက်တယ်………
ထက်မြက်သိမ်မွေ့တဲ့ …
သဘောထားလေးကို
နှစ်သက်တယ်……
ရိုးရှင်းယဉ်ကျေးတဲ့…
ဝတိစားဆင်ယင်မှုကို
လေးစားတယ်………
ကိုယ့်ကို အမြဲလိုလို မုန့်ထုပ်လေးတွေ
လာလာပေးတဲ့ ကောင်မလေးရေ………
ကိုယ်သာ ကောင်လေးတစ်ယောက်ဆိုရင်
မင်းအတွက် ကဗျာလေးတွေ တော်တော်ရေးဖြစ်လိမ့်မယ်…………:): )
ခင်မင်တတ်သော ကောင်မလေး တစ်ယောက် သို့ ခင်မင်စွာဖြင့် .......
WHP(ဝတ်မှုံလေး၏ စာအိမ်ငယ်)
Title-တောင်ငူဆေးရုံမှ ပဲခူးသူ သူငယ်ချင်းလေးအတွက်


0 Comments